Tuesday, October 21, 2025
spot_img
spot_img

ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဆလိုဗက်ကီးယား – ရိုမေးနီးယား (ဗုဒ္ဓဟူးည ၁၀း၃၀ နာရီ)

ဆလိုဗက်ကီးယားရဲ့အသက်က လိုဘော့ကာနဲ့ ဒူဒါလို့ ပြောရမယ်။ ပြိုင်ပွဲမတိုင်ခင်မှာ တော်တော်လေး အထင်သေးစ ရာအသင်း ဖြစ်ခဲ့ပေမယ့် ကစားပုံ မဆိုးဘူး။ ဒီအုပ်စုမှာ ထူးထူး ခြားခြား  ၄ သင်းစလုံး ၃  မှတ် ဖြစ်နေကြပြီး နောက်ဆုံးပွဲမှာ သရေ လောက်ကစားနိုင်တဲ့အသင်း အခြေအနေကောင်းနိုင်တယ်။ ဒီပွဲ က ခြေမကွာတဲ့အသင်းနှစ်သင်းရဲ့ ပွဲလည်းဖြစ်ပြီး ရိုမေးနီးယား ကတော့ နည်းနည်းလေး ပိုသာတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သရေကျဖို့ များပါတယ်။ 

ယူကရိန်း – ဘယ်လ်ဂျီယံ (ဗုဒ္ဓဟူးည ၁၀း၃၀ နာရီ)

အုပ်စုမှာ ၄ သင်းက ၃ မှတ်စီ ဖြစ်နေတယ်။ ဘယ်လ်ဂျီယံ က ဆလိုဗက်ကီးယားကိုရှုံးပြီး ရိုမေးနီးယားကိုနိုင်တယ်။ ယူက ရိန်းက ဆလိုဗက်ကီးယားကိုနိုင်ပြီး ရိုမေးနီးယားကို ရှုံးထားတယ်။ လက်ရှိ အခြေအနေအရတော့ ဂိုးကွာခြားချက် အဆိုးရွားဆုံး ဖြစ် နေတဲ့ ယူကရိန်းက အဆိုးဆုံးဖြစ်သလို၊ ပွဲစဉ် အနေအထားအရ လည်း ဘယ်လ်ဂျီယံနဲ့ ကစားရမှာဖြစ်လို့ အကျပ်ဆုံးဖြစ်နေတယ်။ ဘယ်လ်ဂျီယံရဲ့တိုက်စစ်ကစားပုံက တော်တော်ကောင်းပါတယ်။ ဒီဘရိုင်းနားရဲ့ အကောင်းဆုံးပုံစံကိုလည်း ပြီးခဲ့တဲ့ ရိုမေးနီးယား နဲ့ပွဲမှာ မြင်ခဲ့ရတယ်။ ဘယ်လ်ဂျီယံကိုပဲ ကြိုက်တယ်။ 

ချက် – တူရကီ (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ချက်က ပေါ်တူဂီကို နောက်ဆုံးမိနစ်ဂိုးနဲ့ ကပ်ရှုံးပြီးတော့ ဂျောဂျီယာကိုလည်း ခြေအသာနဲ့ သရေကျခဲ့တယ်။ ဒါကြောင့် ဒီပွဲမှာ သရေ ဆိုရင်တောင် အခြေအနေမကောင်းနိုင်ဘူး။ တူရကီ ကတော့ ဂျော်ဂျီယာကို ဂိုးပြတ်နိုင်ပြီး၊ ပေါ်တူဂီကို ဂိုးပြတ်ရှုံးထား တယ်။ တူရကီအတွက် လိုအပ်နေတာ သရေတစ်မှတ်ပါပဲ။ လက် ရှိ တူရကီအသင်းရဲ့ ခြေစွမ်းက ပေါ်တူဂီကို မထင်မှတ်ပဲ ဂိုးပြတ် ရှုံးခဲ့ပေမယ့် တော်တော်လေး ကောင်းပါတယ်။ ချက်ကလည်း အ သင်းကောင်းတစ်သင်းဖြစ်လို့ သရေကျဖို့ များတယ်။ 

ဂျော်ဂျီယာ – ပေါ်တူဂီ (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒီ (၂)သင်းက ကွာဟချက်အရမ်းများတယ်။ အဆင့်အ တန်းရော၊ လူအင်အားရော ပေါ်တူဂီက အပြတ်အသတ်သာနေ တာ တွေ့ရလိမ့်မယ်။ ဂျော်ဂျီယာက ချက်ကို ကံကောင်းလို့သရေ ရခဲ့တာဖြစ်ပြီး ခွာရတ်စကယ်လီယာတစ်ဦးတည်းရှိတဲ့တိုက်စစ် က အားနည်းလွန်းတယ်။ ပေါ်တူဂီကတော့ ပွဲဦးထွက်မှာ အနည်း ငယ်ရုန်းကန်ခဲ့ရပေမဲ့ တူရကီနဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲကို သက်သောင့် သက်သာယူနိုင်ခဲ့တယ်။ စီရော်နယ်လ်ဒိုဦးဆောင်တဲ့တိုက်စစ် Rhythm ပိုမိလာတာလည်း တွေ့ရတယ်။ အရန်တွေနဲ့ကန် ရင်တောင် ပေါ်တူဂီနိုင်ဦးမှာပဲ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments