အိုက်စလန် – ပေါ်တူဂီ (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)
ပေါ်တူဂီက လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက အသင်းတစ်သင်းဖြစ်ပြီး ဘယ်လက်ရွေးစင်အသင်းကိုမဆို ကောင်းကောင်းယှဉ်ကစားနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အသင်းလိုက်ကစားပုံရော၊ တစ်ဦးချင်းအရည်အသွေးပါ မြင့်မားတယ်။ မာကျောတဲ့ခံစစ်၊ အားကောင်းတဲ့ ကွင်းလယ်နဲ့ တိုက်စစ်တွေကို တွဲဖက်ထားတယ်။ လက်ရှိ ပေါ်တူဂီအသင်းကို ယှဉ်ကစားနိုင်တဲ့အသင်းက ကမ္ဘာ့ဘောလုံးလောကမှာ အများကြီးမရှိပါဘူး။ အိုက်စလန်က အရင်ကတော့ မာကျောပြီး၊ အားကောင်း တဲ့အသင်းဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ (၃၊ ၄) နှစ်လောက် ခြေတက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ (၂)နှစ်လောက်ကစပြီး မျိုးဆက်ပြန်ပြတ်သွားပြီးတော့ အသင်းငယ်အဆင့်ပဲ ရှိတော့တယ်။ ပေါ်တူဂီပဲ အနိုင်ရလိမ့်မယ်။
သြစတြီးယား – ဆွီဒင် (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)

ဘယ်လ်ဂျီယံနဲ့ ကစားခဲ့တဲ့ပွဲမှာ သြစတြီးယား ကစားခဲ့တာ တော်တော်လေးအားကောင်းပြီး ဟန်ချက်ညီပါတယ်။ ခံစစ်ပိုင်းက မာကျောသလို ကွင်းလယ်နဲ့ တိုက်စစ်ကလည်း ဘယ်လ်ဂျီယံကို စနစ်တကျတုံ့ပြန်ကစားနိုင်ခဲ့တာကို တွေ့ရတယ်။ ရန်းနစ်လက်ထက်မှာ အသင်းက တိုးတက်နေပြီး အရင်လိုအားကောင်းတဲ့အဆင့်ကို ပြန်ရောက်လာတာ တွေ့ရတယ်။ ဆွီဒင်အသင်းက ဘယ်လ်ဂျီယံ၊ သြစတြီးယားတို့နဲ့အပြိုင် ခြေစစ်ပွဲအောင်ဖို့အတွက် ကြိုးစားရမှာဖြစ်တယ်။
အက်စ်တိုးနီးယား – ဘယ်လ်ဂျီယံ(မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)

ဘယ်လ်ဂျီယံက အားကောင်းနေဆဲဖြစ်ပြီး ကစားသမားကောင်းတွေလည်း ရှိနေဆဲပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာအတွင်းမှာတော့ လက်ရှိ ဘယ်လ်ဂျီယံအသင်းက အားအနည်းဆုံးဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း အဆင့်ခြေစွမ်းရှိသူတွေ တော် တော်လေးနည်းသွားတာကို တွေ့ရတယ်။ နေရာစုံမှာ ဒုတိယတန်းစား ကစားသမားတွေ မြင်နေရပြီး အဓိကကစားသမားတွေရဲ့အသက်အရွယ်ကလည်း (၃၀)ကျော်တွေဖြစ်လာတာကို တွေ့ရတယ်။ ဘယ်လ်ဂျီယံ ဘယ်လောက်အားနည်းလာလာ အက်စ်တိုးနီးယားကိုတော့ အနိုင်ယူဖို့ မခက်တဲ့အနေအထားပါ။ ဘယ်လ်ဂျီယံပဲ နိုင်မယ်။
နော်ဝေ – ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)

ဟော်လန်း၊ အော်ဒီဂွါ၊ ဆော်လော့သ်တို့နဲ့ နော်ဝေက စိတ်ဝင်စားစရာ စောင့်ကြည့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲမှာတော့ စကော့တလန်အသင်းကို ရှုံးနိမ့်ခဲ့တာကို တွေ့ရတယ်။ အိမ်ကွင်းပွဲစဉ်ဖြစ်ပေမဲ့ တိုက်စစ်ပိုင်း အားနည်းခဲ့သလို၊ ရတဲ့အခွင့်အရေးတွေလည်း မဝင်ခဲ့ဘူး။ ဒီပွဲမှာ သရေကျရင် စပိန်၊ စကော့တလန်တို့ကို မီဖို့မရှိတော့ပါဘူး။ နော်ဝေ နိုင်ပွဲစရပါလိမ့်မယ်။
မော်လ်ဒိုဗာ – ပိုလန် (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)

အုပ်စုက တော်တော်ချောင်တဲ့ အုပ်စုဖြစ်ပြီး ချက်အသင်းကိုပဲ ပိုလန် အဓိကယှဉ်ပြိုင်ရမှာဖြစ်တယ်။ လက်ရှိအနေအထားမှာ ချက်ထက် (၄)မှတ်လျော့နေပေမဲ့ တစ်ပွဲကွာအနေအထားဖြစ်လို့ အမီလိုက်နိုင်တယ်။ ပိုလန် အနိုင်ကစားမှာပါ။
ဘော့စနီးယား – လူဇင်ဘတ် (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)
ပေါ်တူဂီကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် ဘော့စနီးယားရဲ့ကစားသမားအင်အားနဲ့ စုဖွဲ့မှုက တော်တော်လေးအားကောင်းတယ်။ လူဇင်ဘတ်လိုအသင်းမျိုးနဲ့ ခြေအဆင့်အတန်းလည်း ကွာပါတယ်။ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်လိမ့်မယ်။
ဖာရိုးကျွန်းစုများ – အယ်လ်ဘေးနီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)
ဖာရိုးကျွန်းစုများက အရင်တုန်းကလောက် အားမနည်းတော့ဘူး။ ဂိုးတွေအများကြီး ပေးရတာမျိုး နည်းလာတယ်။ ဒါပေမဲ့ အားနည်းဆဲပါပဲ။ အယ်လ်ဘေးနီးယားက အသင်းကောင်းတစ်သင်းဖြစ်တယ်။ အယ်လ်ဘေးနီးယားပဲ နိုင်မယ်။
စကော့တလန် – ဂျော်ဂျီယာ (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)

စကော့တလန်က အုပ်စုတွင်း အဓိကပြိင်ဘက်တွေဖြစ်တဲ့ စပိန်၊ နော်ဝေတို့ကိုပါ အနိုင်ကစားထားပြီး (၃) ပွဲ (၉) မှတ် ယူထားတယ်။ အကောင်းဆုံးအနေအထားမှာ ရှိတယ်။ ဂျော်ဂျီယာကို အနိုင်ကစားလိမ့်မယ်။
လက်ချင်စတိန်း – ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)
လက်ချင်စတိန်းရဲ့ အနေအထားက အိမ်ကွင်းဖြစ်နေရင်တောင် ဥရောပအသင်းကောင်းတစ်သင်းဖြစ်တဲဲ့ ဆလိုဗက်ကီးယားကို ယှဉ်နိုင်ဖို့ မရှိဘူး။
ဟန်ဂေရီ – လစ်သူယေးနီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် နံနက် ၁း၁၅ နာရီ)
ဟန်ဂေရီက ဒီဘက်နှစ်တွေမှာ သိသိသာသာ အားကောင်းလာတဲ့အသင်းဖြစ်တယ်။ အိမ်ကွင်းမှာ လစ်သူယေးနီးယားကို နိုင်ပါတယ်။






