မနေ့က… ဇွန်လ 30 ရက်နေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားကြတဲ့ ကစားသမား 6 ဦးအထိ ရှိခဲ့ပြီး အဲ့ဒီထဲမှာတော့ ယူနိုက်တက်် နံပါတ် တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာ လည်း ပါဝင်ခဲ့ရပါတယ် ။
ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့တာ 12 နှစ် အထိ ရှိခဲ့ပါပြီ ။ အဆိုပါ ကာလ အတွင်း သူဟာ ဒီအသင်းနဲ့ အတူ ဆုဖလား 5 လုံး အထိ ရယူဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။
ဒါ့အပြင် သူဟာ အဆိုပါ အချိန်ကာလ အတွင်း အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို 4 ကြိမ် အထိ စံချိန်တင် ရယူဆွတ်ခူးနိုင်ခဲ့ပါသေးတယ် ။ ဒါတင်မက သူဟာ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကိုလည်း 2 ကြိမ်ထိ ရယူထားနိုင်ခဲ့ပါသေးတယ် ။

အဲ့ဒီထဲမှာတော့ သူနဲ့ ပတ်သက်လို့ ပရိသတ်တွေ အရမ်း နှစ်ခြိုက်ခဲ့ကြတာက အံ့ဖွယ် ဂိုးပေါက်ကာကွယ်မှုတွေကို အကြိမ်ပေါင်း များစွာ လုပ်ဆောင်ပေးထားနိုင်ခဲ့တာပါပဲ ။ အဲ့တာကပဲ သူ့ကို အကောင်းဆုံး ဂိုးသမား တစ်ဦး ဖြစ်စေနိုင်ခဲ့ပါတယ် ။
ဒါပေမဲ့ ကစားကွက်ထဲ ပါဝင် ပတ်သက်ပေးနိုင်မှု အားနည််းခြင်း ၊ ပင်နယ်တီ ဖမ်းယူတာ ညံ့ဖျင်းခြင်း ၊ sweeper keeper တစ်ဦး မဟုတ်ခြင်းတွေက မော်ဒန် အားကစား လောကမှာ သူ့ရဲ့ ဂုဏ်သတင်းတွေကို တဖြေးဖြေး ဆွဲချသွားစေခဲ့ပါတယ် ။

အခုတော့ သူဟာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပါပြီ ။ ဒါပေမဲ့ အသင်းဖက်ကတော့ သူ့ကို အခြားသော အသင်းဆီ မပြောင်းရွှေ့ဖို့ တောင်းဆိုထားခဲ့ပါသေးတယ် ။ ယူနိုက်တက်ဖက်ကတော့ သူနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး လစာကိစ္စ ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချချင်နေပါတယ် ။
ဒါပေမဲ့ အခုရက်သတ္တပါတ်က ဒီဂီယာရဲ့ မင်္ဂလာကာလ ဖြစ်တာကြောင့် အသင်းဖက်က သူ့ကို ဘာမှ မပြောသေးပဲ မိသားစုနဲ့ အတူ ပျော်ရွှင်စရာ အချိန်ကာလ တစ်ခုကို ဖြတ်သန်းစေဖို့ အခွင့်အရေးပေး စောင့်ဆိုင်းနေခဲ့တာပဲ ဖြစ်ပါတယ် ။
အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ မေဆွန်မောင့် အတွက် ပေါင်သန်း 60 ကုန်ဖို့ ရှိနေပါပြီ ။ ဒါ့အပြင် ယူနိုက်တက်တို့ တိုက်စစ်မှူး နဲ့ ဂိုးသမား တစ်ဦးတို့ကို မဖြစ်မနေ ခေါ်ယူရပါဦးမယ် ။ ဒါဟာ အနည်းဆုံး ပေါင် 150 သန်းလောက် ကုန်ကျစေမှာပဲ ဖြစ်ပါတယ် ။

ဒါကို ဂလေဇာ မိသားစုဖက်မှ ထုတ်ပေးနိုင်ခြေ ရှိမနေပါဘူး ။ ဒါ့ကြောင့် ယူနိုက်တက်တို့ နောက်ထပ် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူပြီး ဒီဂီယာကို တစ်နှစ်လောက် သက်တမ််းတိုးတာက အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားဖို့ ရှိနေပါတယ် ။
လက်ရှိအချိန်မှာ ယူနိုက်တက်တို့ဟာ အင်တာမီလန် မှ အိုနားနား ၊ ပေါ်တို အသင်းမှ ဒီယေဂို ကော်စတာ တို့ကို စိတ်ဝင်စားနေခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့တာထက် ပိုပြီး လိုအပ််နေတာက တိုက်စစ်မှူးဖြစ်တာကြောင့် ဂိုးသမားနေရာ အတွက် ယူနိုက်တက်တို့ ခေါင်းခဲရပါဦးမယ် ။
ယူနိုက်တက် ပရိသတ်တွေ အတွက် အကောင်းဆုံး ကိစ္စ တစ်ခုကတော့ အသင်းပိုင်ရှင် အပြောင်းအလဲ အမြန်ဆုံး ဖြစ်မြောက်ရေးပါပဲ ။ ဒါမှမဟုတ်ရင် ကစားသမားကောင််းတွေ အသင်းမှာ မြင်ရနိုင်ခြေ နည်းပါနေဦးမှာပဲ ဖြစ်ပါတယ် ။






