Wednesday, March 11, 2026
spot_img
spot_img

ယူနိုက်တက်ကနေထွက်ခွာဖို့ နီးစပ်နေတဲ့ ဘရာဇီးစတား

သတင်းတွေအရ ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီတစ်ယောက် ဘက်တစ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်သားဟာ အခုရာသီမကုန်ခင်အထိ စပိန်ကလပ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ စကားပြောဆိုနေကြောင်း သတင်းထောက် ရိုမာနိုက ဆိုပါတယ်။

နောက်ဆုံးသတင်းတွေအရ ဘရာဇီးသားဟာ အငှားအတွက် ဆွေးနွေးနေတာအပြီးသတ်နေပြီဖြစ်ပြီး အဆိုပါအငှားထဲမှာ အပြီးသတ်ခေါ်ယူခွင့်တော့ မပါဝင်ပဲ ယူနိုက်တက်ဘက်က လုပ်ခလစာအစိတ်အပိုင်းတစ်ခုလောက် ပေးချေရမယ်လို့ သိရပါတယ်။ အန်တိုနီဟာ အေဂျက်ကနေ ပြောင်းလာပြီးနောက် ယူနိုက်တက်မှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

အဆိုပါ ၃ ဂိုးကလည်း ကာရာဘောင်မှာ ၂ ဂိုး နဲ့ ယူရိုပါလိဂ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်တိုနီတစ်ယောက် အပြီးသတ်ထွက်ခွာနိုင်ချေရှိနေတယ်လို့ ထင်ကြေးပေးခံနေရသလို ဂရိကလပ် အိုလံပီယာကို့စ်ကလည်း ချိတ်ဆက်နေပါတယ်။ တကယ်လို့ အငှားထွက်ခွာဖြစ်ခဲ့ရင် ဆော်ပေါ်လိုစတားဟောင်းဟာ ဘက်တစ်မှာ တစ်ဖန်ပြန်လည်တောက်ပလာဖို့ မျှော်လင့်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments