ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အလန်ရှီးယား က မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ရပ်တန့်လို့ မရနိုင်တဲ့ ကစားသမား ဖြစ်နေပြီလို့ ဆိုရင်း ပရီးမီးယားလိဂ်ရဲ့ တစ်ပါတ်တာ အကောင်းဆုံး အသင်းကို ရွေးချယ်ပေးသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစား သမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီတစ်ပါတ် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 2 ဂိုး အထိ သွင်းယူပေးရင််း ယူနိုက်တက် တို့ကို အိမ်ကွင်းမှာ 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ် ။ နောက်ထပ် တစ်ဂိုးကိုတော့ ဆန်ချို က သွင်းယူပေးခဲ့ပါတယ် ။

ဒါပေမဲ့ ရပ်ရှ်ဖို့ ရဲ့ အဖွင့်ဂိုး နဲ့ ဆန်ချို ရဲ့ အနိုင် သေချာစေမဲ့ ဂိုးကို သွင်းယူပေးခဲ့သူကတော့ အားထားရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် ပဲ ဖြစ်ခဲ့ရပါတယ် ။ ဘရူနို ဟာ ဒီပွဲမှာ ယူနိုက်တက် တို့ရဲ့ သွင်းဂိုးတွေမှာ အရေးပါသူ ဖြစ်ခဲ့တာကြောင့် အလန်ရှီးယားရဲ့ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့ရပါတယ် ။
အခြားတဖက်မှာတော့ ရပ်ရှ်ဖို့ဟာ အဆိုပါ သွင်းဂိုး နှစ်ဂိုးကြောင့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ 24 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါပြီ ။ ဒါ့အပြင် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ပြီးဆုံးသွားခဲ့တဲ့နောက် ဒါဟာ သူ့ရဲ့ 16 ကြိမ်မြောက် သွင်းဂိုးလည်း ဖြစ်သွားခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ သူဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 14 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာတော့ လိဂ် ပြိုင်ပွဲထဲ သူ့ထက် ပိုပြီး ဂိုးသွင်းယူထားနိုင်ခဲ့သူဆိုလို့ မန်စီးတီး အသင်းနဲ့ တော့တင်ဟမ် ဟော့ စပါး တို့ရဲ့ တိုက်စစ်မှူး အားလင်း ဟာလန်း နဲ့ ဟယ်ရီကိန်း တို့သာ ရှိနေကြပါတော့တယ် ။
အခုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဒီတစ်ပါတ်တာ အကောင််းဆုံး အသင်းကို ရွေးချယ်ခဲ့ရာမှာ အလန်ရှီးယား က ” လက်ရှိ အချိန်မှာ သူ့(ရပ်ရှ်ဖို့)ကို ရပ်တန့်နိုင်မယ့်သူ ရှိမနေတော့ပါဘူး ။ သူဟာ နောက်ထပ် နှစ်ဂိုး သွင်းယူပြနိုင်ခဲ့ပြီး ဒီရာသီမှာ အရင်တုန်းကထက် ခြားနားတဲ့ ကစား သမားမျိုး ဖြစ်နေခဲ့ပါပြီ ”

” အသင်းနဲ့ စီးမျောပြီး ကစားပေးတဲ့ နေရာမှာတော့ ဘရူနို က အကောင်းဆုံး ပါပဲ ။ ဒီလို အရာ အချို့ကို သူပဲ လုပ်ဆောင််ပေးနိုင်ပါတယ် ။ သူ့ရဲ့ အလန်းစား ပေးပို့မှုတွေက နောက်ထပ် ဂိုးဖန်တီးမှု နှစ်ကြိမ်ကို ရရှိစေနိုင်ခဲ့တယ်လေ ” လို့ ပြောကြားရင်း အလန်ရှီးယားက ယူနိုက်တက် စတား နှစ်ဦးကို ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်ထဲမှာတော့ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲရဲ့ 32 သင်း အဆင့် ရှုံးထွက်ပွဲရဲ့ ဒုတိယ အကျော့ ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘာစီလိုနာ အသင်းကို ဧည့်ခံ ကစားရမှာပဲ ဖြစ််ပါတယ် ။ ယူနိုက်တက်တို့ဟာ နူးကမ့်ကွင်းထဲမှာတော့ ပြိုင်ဖက်ကို တစ်ဖက် နှစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပါတယ် ။







