Monday, September 29, 2025
spot_img
spot_img

ယူကရိန်းနေမာဟု နာမည်ကြီးနေသည့် ရှက်တာဒိုးနက်တောင်ပံကစားသမား မူဒရစ်အား ပေါင်သန်း (၅၀) ဖြင့် ကမ်းလှမ်းရန် နယူးကာဆယ်အသင်း စီစဉ်နေ

နယူးကာဆယ်အသင်းသည် ယူကရိန်းနေမာဟု နာမည်ကြီးနေသည့် ရှက်တာဒိုးနက်တောင်ပံကစားသမား မူဒရစ်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း (၅၀) ဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၁)နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင်တောင်ပံကစားသမား မူဒရစ်အား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီတွင် အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့က ကြိုးစားခဲ့ကြကြောင်း သိရသည်။ 

မူဒရစ်သည် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး နယူးကာဆယ်အသင်းက လက်ဦးမှုရယူကာ ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ 

မူဒရစ်သည် ယခုရာသီတွင် ရှက်တာဒိုးနက်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments