Wednesday, October 1, 2025
spot_img
spot_img

မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက် (၃)ပွဲစလုံး ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် အန်တိုနီ မှတ်တမ်းဝင်

မန်ယူအသင်း၏ တိုက်စစ်မှူးသစ် အန်တိုနီသည် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်(၃)ပွဲစလုံး ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အန်တိုနီသည် အာဆင်နယ်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မန်ယူအသင်းအတွက် စတင်ပွဲထွက်ကစားကာ တစ်ဂိုးသွင်းယူနိုင်ခဲ့သလို၊ မန်စီးတီးကို (၃-၆)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌လည်း တစ်ဂိုးသွင်းခဲ့သည်။

ယခု အဲဗာတန်နှင့်ပွဲတွင် တစ်ဂိုးထပ်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပွဲဦးထွက် ပရီးမီးယားလိဂ်(၃)ပွဲဆက် ဂိုးသွင်းနိုင်ခြင်းမှာ မန်ယူကစားသမားများထဲ၌ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အန်တိုနီသည် ပြီးခဲ့သည့်နွေရာသီက အေဂျက်စ်အသင်းမှ မန်ယူအသင်းထံ ပြောင်းရွှေ့ ကြေးယူရို(၉၅)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်(၃)ပွဲ ယှဉ်ပြိုင်ကစားရာတွင်မူ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ပရီးမီးယားလိဂ်တွင် ဂိုးများဆက်တိုက်သွင်းယူနိုင်နေသည့်အတွက် ချီးကျူးခံနေရပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ခေတ်မတိုင်မီက ပထမဆုံးလိဂ်ပြိုင်ပွဲ (၃)ပွဲဆက် ဂိုးသွင်းယူနိုင်သည်မှာလည်း တစ်ဦးသာရှိသည်။

၎င်းမှာ ၁၉၇၂ ခုနှစ်က အီယန်စတိုရီမိုးဖြစ်ပြီး နှစ်ပေါင်း(၅၀)ကြာမှ အန်တိုနီက ဒုတိယမြောက်ဖြစ်လာခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments