Wednesday, October 29, 2025
spot_img
spot_img

မန်စီးတီးရဲ့ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်ခံရမှုပြစ်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ ဟာလန်း

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက မိမိရဲ့စာချုပ်သစ်ဟာ သာမန်မဟုတ်ဘူးလို့ ဝန်ခံပြောကြားလိုက်ပြီး အသင်းအနေနဲ့ ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်ခံရမှု ၁၁၅ မှုကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ အသင်းမှာအကောင်းဆုံးနှစ်တွေဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက စီးတီးနဲ့ ၉ နှစ်ခွဲစာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

အသင်းအနေနဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရပ်တည်နေသလို လီဗာပူးအသင်းနဲ့ ၁၂ မှတ်အထိ ကွာဟနေကာ ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်ခံရမှု ၁၁၅ မှုကိုလည်း ရင်ဆိုင်နေရချိန်မှာ ဟာလန်းက စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး စာချုပ်သစ်အခြေအနေက သာမန်မဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

နော်ဝေသားဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၂၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး စီးတီးအနေနဲ့ လက်ရှိပြစ်မှုတွေကိုရှောင်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ စီးတီးအနေနဲ့ တကယ်လို့ပြစ်မှုထင်ရှားခဲ့ရင် အမှတ်လျော့ခံရတာ ဒါမှမဟုတ် တန်းဆင်းရတာမျိုးဖြစ်လာနိုင်ချေရှိနေပါတယ်။

Erling Haaland reveals financial crimes at Manchester City

“ကျွန်တော် အဲ့အကြောင်းကော ဘာအကြောင်းမှမတွေးဖြစ်ပါဘူး။ အသင်းဘက်က သူတို့ဘာလုပ်နေလဲဆိုတာကို သိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။အဆုံးသတ်မှာ ကျွန်တော်စကားအများကြီးမပြောသလို မတွေးလည်းမတွေးဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာ ၂ နှစ်ခွဲပဲရှိနေပါသေးတယ်။ အသင်းဘက်က သူတို့လုပ်နေတာတွေကို သိမှာပါ။ စာချုပ်သစ်အချိန်က တော်တော်လေးကြာတာကြောင့် အဲ့တာက သာမန်တော့မဟုတ်ပါဘူး။ အဲ့တာက ကျွန်တော်ကြိုက်တဲ့အရာတစ်ခုပါ။ အဆုံးသတ်မှာ ၂ ဦးစလုံးအတွက် တကယ်ကောင်းတဲ့ခံစားချက်မျိုးရစေပါတယ်။ ပြီးတော့ လွယ်ကူတဲ့ရွေးချယ်မှုလည်းဖြစ်ခဲ့ပါတယ်”လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၂၄ နေရာမှာ ရပ်တည်နေကာ ပီအက်စ်ဂျီကလည်း အဆင့် ၂၆ နေရာမှာ ရပ်တည်နေကာ ၂ သင်းစလုံးအနိုင်ရဖို့ လိုအပ်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments