အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က မန်ယူနောက်ခံလူ မက်ဂွိုင်းရားနှင့် မန်စီးတီးကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်တို့အား အင်္ဂလန်အသင်းတွင် ပါဝင်လိုပါက ပုံမှန်ပွဲကစားခွင့်ရရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။
မက်ဂွိုင်းရားနှင့် ကယ်လ်ဗင်ဖီးလစ်တို့သည် အင်္ဂလန်အသင်းတွင် အဓိကကစားသမားများဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီက သက်ဆိုင်ရာကလပ်အသင်းများတွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသည့်အတွက် ဆောက်ဂိတ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ဆောက်ဂိတ်က ”အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့က ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ အဲဒီလိုအနေအထားမှာ ပွဲမကစားရသူတွေကို ရွေးချယ်ဖို့က ခက်ခဲပါတယ်”ဟု ပြောကြားခဲ့သည်။







