Thursday, October 23, 2025
spot_img
spot_img

ဘာလိုဂန်ကို အာဆင်နယ် စျေးနှုန်းသတ်မှတ်

အာဆင်နယ်အသင်းသည် အသင်းတိုက်စစ်မှူး ဘာလိုဂန်ကို ပေါင် သန်း (၅၀) စျေးနှုန်းသတ်မှတ်လိုက်ကြောင်း သိရသည်။

အမေရိကန်လက်ရွေးစင်တိုက်စစ်မှူး ဘာလိုဂန်(၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီက Reims အသင်းတွင် တစ်ရာသီအငှားဖြင့်သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၃၉)ပွဲတွင် (၂၂) ဂိုး သွင်းယူနိုင်ခဲ့သည်။

လက်ရှိတွင် ၎င်းကိုခေါ်ယူရန် အေစီမီလန်၊ ဂျူဗင်တပ်စ်၊ မာဆေးလ်နှင့် လိုက်ပ်ဇစ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် အသင်းနှင့် ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်းရှိနေသည့် ဘာလိုဂန်အတွက် ပေါင်သန်း (၅၀) အလိုရှိနေခြင်းဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments