Friday, March 13, 2026
spot_img
spot_img

ဘာပေအနေဖြင့် PSG ၌ ၂၀၂၅ အထိ ဆက်ကစားပါက ယူရိုသန်း (၆၃၀) အထိရရှိနိုင်ပြီး ကမ္ဘာ့အားကစားလောက၏ တန်ဖိုးအမြင့်ဆုံးစာချုပ်ဖြစ်လာမည်

ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအနေဖြင့် PSG အသင်း၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၅ ခုနှစ်အထိ ဆက်ကစားဖြစ်ပါက ယူရိုသန်း (၆၃၀) အထိရရှိနိုင်ပြီး ကမ္ဘာ့အားကစားလောက၏ တန်ဖိုးအမြင့်ဆုံးစာချုပ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

အသက် (၂၃) နှစ်ရှိပြီဖြစ်သည့် ဘာပေသည် ယခုနွေရာသီတွင် PSG အသင်းနှင့်လမ်းခွဲ၍ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ပြောင်းရွှေ့ဖွယ်ရှိကြောင်း ခန့်မှန်းသတင်းထွက်များစွာ ထွက်ပေါ်ခဲ့သော်လည်း မေလအတွင်း ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

ဘာပေ၏စာချုပ်မှာ ကနဦး(၂)နှစ်ဖြစ် ပြီး ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဘာပေအနေဖြင့် စာချုပ်သစ်အရ ကမ္ဘာ့လစာအများဆုံး ဘောလုံးသမားအဖြစ် ရပ်တည်လျက်ရှိသလို စာချုပ်တန်ဖိုးစုစုပေါင်းအရ ကမ္ဘာ့အားကစားလောကတွင်ပါ တန်ဖိုးအမြင့်ဆုံးစာချုပ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံထုတ် La Parisien သတင်းစာက တနင်္ဂနွေနေ့ ညပိုင်းတွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

La Parisien ၏ ဖော်ပြမှုအရ ယင်းစာချုပ်တွင် အပိုင်းသုံးပိုင်းပါဝင်ပြီး ဘာပေအနေဖြင့် လစာအဖြစ် တစ်ရာသီလျှင် ယူရို (၇၂) သန်းဖြင့် သုံးနှစ်အတွက် ယူရို (၂၁၆) သန်း၊ လက်မှတ်ထိုးကြေးအဖြစ် ယူရိုသန်း ၁၈၀ (သုံးကြိမ်ခွဲ၍ရရှိမည်)၊ သစ္စာစောင့်သိမှုဆုကြေးအဖြစ် ၂၀၂၃ ခုနှစ်တွင် ဆက်ကစားဖြစ်ပါက ယူရိုသန်း (၇၀)၊ ၂၀၂၄ ခုနှစ်တွင် ဆက်ကစားဖြစ်ပါက ယူရိုသန်း (၈၀) နှင့် ၂၀၂၅ ခုနှစ်အထိ ဆက်ကစားဖြစ်ပါက ယူရိုသန်း (၉၀) ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

၎င်း၏စာချုပ်မှာ ၂၀၁၇ ခုနှစ်တွင် မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့သည့် ယူရို (၅၅၅) သန်းကိုကျော်၍ တန်ဖိုးအမြင့်ဆုံးစာချုပ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

အားကစားလောက၏ တန်ဖိုးအမြင့်ဆုံး စာချုပ်ငါးခု

အမည် အားကစား အသင်း/ကုမ္ပဏီ စာချုပ်တန်ဖိုး

  1. ဘာပေ ဘောလုံး PSG ၆၃၀ သန်း
  2. မက်ဆီ ဘောလုံး ဘာစီလိုနာ ၅၅၅ သန်း
  3. ပက်ထရစ်မာဟုမ်းစ် NFL ကန်းဆက်စီးတီး ၅၁၀ သန်း
  4. မေဝယ်သာ လက်ဝှေ့ Showtime ၄၅၆ သန်း
  5. မိုက်ထရော့ ဘေ့စ်ဘော LA Angles ၄၃၂ သန်း

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments