Tuesday, October 21, 2025
spot_img
spot_img

ဘာစီလိုနာဂန္ထဝင်တစ်ဦးဖြစ်ရန် ယမားလ်ဆန္ဒရှိနေ

ဘာစီလိုနာအသင်း၏ စပိန်လက်ရွေးစင်ကြယ်ပွင့်ကစားသမား တစ်ဦးဖြစ်သူ လမိုင်းယမားလ်က ဘာစီလိုနာဂန္ထဝင်ကစားသမားတစ်ဦးဖြစ် ရန်မှာမိမိ၏ အိပ်မက်များထဲမှတစ်ခုဖြစ်ကြောင်း Cope နှင့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

အသက် (၁၆)နှစ်အရွယ်သာရှိသေးသည့် လာမာစီယာအကယ်ဒမီထွက်ကစားသမား ယမားလ်သည် လက်ရှိတွင် ဘာစီလိုနာအသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို၊ စပိန်လက်ရွေးစင် အသင်းတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိနေသည့် ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်သည်။

ယမားလ်က “ဘာစီလိုနာ ဂန္ထဝင်တစ်ဦးဖြစ်လိုတာက ကျွန်တော့် အိပ်မက်ပါ။ ဒီအတွက်လည်းအမြဲအသင့်ပြင်ထားပါတယ်” ဟုဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် ယမားလ်အား ၎င်းအသက် (၁၈)နှစ်ပြည့်မည့် ၂၀၂၅ ခုနှစ်တွင်မှ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments