လီဗာပူးလ်အသင်းသည် ဘရိုက်တန်အသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား မက်အယ်လစ္စတာအား ခေါ်ယူရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့် (၅) သာ ရရှိခဲ့သောကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ခဲ့သော်လည်း မက်အယ်လစ္စတာသည် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း အာဂျင်တီးနား ဂျာနယ်လစ် ဂရိုဗာက ရေးသားခဲ့သည်။

လီဗာပူးလ်အသင်းသည် မက်အယ်လစ္စတာကို ပေါင်သန်း (၆၀) ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် ယခုနွေတွင် မက်အယ်လစ္စတာအပြင် ကွင်းလယ်ကစားသမား (၃) ဦးခန့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။






