Friday, March 13, 2026
spot_img
spot_img

ဘရိုက်တန်ရဲ့ နောက်ထပ် ကြယ်ပွင့်တစ်လုံး ပြောင်းရွေ့မယ့် PL အသင်းကြီး ၂ သင်းကို ပြောပြလိုက်တဲ့ ရစ်ချက်ဒန်း

ရစ်ချက်ဒန်းက ဘရိုက်တန် တိုက်စစ်မှုး အီဗန်ဖာဂူဆန်ဟာ အိုင်ယာလန် ကစားသမားတိုင်းရဲ့ အိမ်မက် တစ်ခုလို ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် လီဗာပူး တစ်သင်းသင်းကို ပြောင်းရွေ့ဖြစ်လိမ့်မယ်လို့ Tip ပေးသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဖာဂူဆန် အတွက် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့်လည်း ဘရိုက်တန်ဘက်က ဒါကို ပယ်ချခဲ့ပါတယ်။

သရဲနီတို့ဟာ ဖာဂူဆန်ကို မာစီရယ်ရဲ့ နေရာမှာ အစားထိုးသွားရန် စီစဉ်နေပြီး ကစားသမားဟာ ယူနိုက်တက်ရဲ့ ပရိတ်သတ် တစ်ဦး ဖြစ်နေတာကြောင့် အနာဂတ်မှာ ဒီအပြောင်းအရွေ့ ဖြစ်မြောက်လာနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့်လည်း အသက် ၁၈ နှစ်အရွယ် ဘရိုက်တန် စတားကို ယူနိုက်တက် တစ်သင်းတည်းသာ စိတ်၀င်စားနေတာ မဟုတ်ဘဲ အခြား ထိပ်တန်းကလပ်တွေကလည်း စိတ်၀င်စားလျက် ရှိနေပါတယ်။

Irish background ကနေ ဆင်းသက်လာသူ ဖြစ်တာကြောင့် ဒန်းက ဖာဂူဆန် အနေနဲ့ တချိန်ချိန်မှာ မန်ယူနိုက်တက် ဒါမှမဟုတ် လီဗာပူးကို ပြောင်းရွေ့ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဒန်းက “အီဗန်ဖာဂူဆန် အနေနဲ့ လီဗာပူး နဲ့ မန်ချက်စတာယူနိုက်တက်လို အသင်းတွေမှာ ကစားခွင့် ရမယ်ဆိုရင် အတော်လေး ၀မ်းမြောက်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အိုင်ယာလန် ကလေးတွေရဲ့ အိမ်မက်တခုလို ဖြစ်နေလို့ပါ။ အနာဂတ်မှာ သူ့အတွက် ဒါ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူဟာ အခုချိန် ဘရိုက်တန်မှာ လေ့လာသင်ယူနေဆဲဖြစ်ပါတယ်။

သူဟာ ဘရိုက်တန်မှာ ကစားသမား တစ်ဦး အနေနဲ့ တိုးတက်အောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဖာဂူဆန် ဘက်က အသင်းပြောင်းရန် အသင့်ဖြစ်နေပြီလို့ ခံစားမိတဲ့အချိန်မှာ ဘရိုက်တန် ဘက်က ဒီအပြောင်းအရွေ့ ဖြစ်လာအောင် ကူညီပေးမှာ သေချာပါတယ်။ သူ ဘရိုက်တန်ကနေ ထွက်ခွာမယ်ဆိုရင် ထိပ်တန်းကလပ် တစ်ခုကိုပဲ ရွေးချယ်သြွးမှာပါ။ သူ့လိုမျိုး အရည်အသွေး ပြည့်၀လှတဲ့ တိုက်စစ်မှုးကို ခင်ဗျားတို့ မြင်ရခဲပါတယ်။ ဒီအချိန်မှာ အသင်းပြောင်းဖို့ဆိုတာ သူ့အတွက် တအားစောလွန်းနေပါသေးတယ်။ ဒါပေမယ့် သူ အသင်းပြောင်းရန် အသင့် ဖြစ်မယ့်အချိန်က သိပ်ပြီး ကြာမှာတော့ မဟုတ်ပါဘူး။”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments