Sunday, October 26, 2025
spot_img
spot_img

ဖရန်ကီဒီယွန်းအပါအဝင် အသင်းကစားသမားငါးဦးအတွက် ကမ်းလှမ်းမှုများ ရရှိထားသော်လည်း ၎င်းတို့ကို အသင်းတွင်ဆက်ထိန်းရန် မျှော်လင့်ထားကြောင်း လာပေါ်တာ ပြောကြား

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းအပါအဝင် အသင်းကစားသမားငါးဦးအတွက် ကမ်းလှမ်းမှုများ လက်ခံရရှိထားသော်လည်း ၎င်းတို့ကိုအသင်း တွင် ဆက်ထိန်းရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ နယ်သာလန် လက်ရွေးစင်ကစားသမား ဖရန်ကီဒီယွန်းသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီကတည်းက ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်း၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်သည်။ ယင်းအချိန်တွင် ဘာစီလိုနာအသင်း၏ ဘဏ္ဍာ ရေးပြဿနာများနှင့် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်ဖြစ်ပြီး ဖရန်ကီဒီယွန်းအား ရောင်းထုတ်ရန်စီစဉ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းတွင် ဆက်နေခဲ့ပြီး ပြီးခဲ့သည့်ရာသီ ဘာစီလိုနာအသင်းတွင် လာလီ ဂါ ချန်ပီယံဆုရရှိရာတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်သည်။ 

ယခုနွေရာသီတွင်လည်း ဖရန်ကီဒီယွန်းအား ခေါ်ယူရန် မန်ယူ၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ ထို့ပြင် ဘာစီလိုနာအသင်း၏ အဓိက ကစားသမားဖြစ်သည့် ကွင်းလယ်လူ ပတ်ဒရီ၊ တိုက်စစ်မှူး အန်ဆူဖာတီ၊ နောက်ခံလူများဖြစ်သည့် အာရူဟိုနှင့် ခရစ္စတန်ဆန်တို့အတွက် ကမ်းလှမ်းမှုများကိုလည်း လက်ခံရရှိထားကြောင်း သိရှိရသည်။ သို့သော် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက အဆိုပါ ကစားသမားများမှာ အသင်း၏အနာဂတ်ဖြစ်ပြီး ၎င်းတို့ကို အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လာပေါ်တာက “မနှစ်က ကျွန်တော်တို့ရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖရန်ကီဒီယွန်းအတွက် ယူရို သန်း ၁၀၀ ကမ်းလှမ်းမှုကို ကျွန်တော်တို့ ရရှိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကမ်းလှမ်းမှုကို လက်မခံတာ မှန်ကန်တဲ့လုပ်ရပ်ပါပဲ။ အခုလည်း ပတ်ဒရီ၊ အန်ဆူဖာတီ၊ ခရစ္စတန်ဆန်၊ ဖရန်ကီဒီယွန်းနဲ့ အာရူဟိုတို့အတွက် ကမ်းလှမ်းမှုတွေကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူတို့ကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ ဘာလို့ဆိုတော့ သူတို့က အသင်းအတွက် ပစ္စုပ္ပန်နဲ့ အနာဂတ်ဖြစ်နေလို့ပါ”ဟု ပြောကြားခဲ့သည်။ 

ဖရန်ကီဒီယွန်းသည် မန်ယူ၊ ဘိုင်ယန် မြူးနစ်အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ဘာစီလိုနာအသင်းတွင်သာ ဆက်နေရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။ ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် အသင်း ၀ါရင့်ကွင်းလယ်ကစားသမား ဘူးစကွက်စ် ထွက်ခွာသွားခြင်းကြောင့် လာမည့်ရာသီတွင် ဖရန်ကီဒီယွန်းကို အသင်း၏ကွင်းလယ်တွင် စီနီယာကစားသမားအဖြစ် ဦးစားပေးအသုံး ပြုသွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments