Saturday, March 14, 2026
spot_img
spot_img

ပွဲကြည့်ရှုခွင့် အခမဲ့နှင့် ရုပ်သံမှ အခမဲ့ပြသပါက ဂျိုရှူအာနှင့် ထိုးသတ်မည်ဟု လက်ဝှေ့လောကမှ အနားယူပြီဖြစ်ကြောင်း ကြေညာထားသည့် တိုင်ဆန်ဖျူရီ ပြောကြား

လက်ဝှေ့လောကမှ အနားယူပြီဖြစ်ကြောင်း ကြေညာထားသည့် WBCဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပွဲကြည့်ရှုခွင့် အခမဲ့နှင့် ရုပ်သံမှ အခမဲ့ပြသမည်ဆိုပါက တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် တိုင်ဆန်ဖျူရီသည် ပြီးခဲ့သည့် ဧပြီလအတွင်း ဗြိတိန်တစ်နိုင်ငံတည်းသား ဒီလီယန်ဝှိုက်ကို အလဲထိုးဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ် နိုင်ခဲ့ပြီးနောက် ထပ်မံထိုးသတ်တော့မည် မဟုတ်ကြောင်း ပြောကြားထားသည်။

၎င်းက ဇနီးဖြစ်သူကို ပေးထားသည့်ကတိ တည်လိုကြောင်း ပြောကြားထားသလို ပေါင်သန်း ၅၀၀ ရရှိမှသာ ကြိုးဝိုင်းအတွင်း ပြန်လာမည်ဖြစ်ကြောင်း ဇွန်လအတွင်း ပြောကြားခဲ့သေးသည်။ သို့သော် တောင်းဆိုမှုများရရှိပါက ဂျိုရှူအာနှင့် ထိုးသတ်မည်ဖြစ်ကြောင်း ၎င်းက Instagram မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒီပွဲက အခမဲ့ဖြစ်ရပါမယ်။ ရုပ်သံက အခမဲ့ထုတ်လွှင့်ပေးရမှာဖြစ်ပြီး လက်မှတ်အားလုံးကိုလည်း အခမဲ့ပေးရပါမယ်။ ဗြိတိန်ကနေ ငွေရှာလို့ မရပါဘူး။ အဲဒီလိုသာဖြစ်ရင် သမိုင်းဝင်တဲ့ပွဲ ဖြစ်လာမှာပါ။ ဒါတွေက စည်းကမ်းချက်တွေပါ။ ကျွန်တော်က ယာဉ်မောင်းခုံနေရာမှာ (အဆင်သင့်ဖြစ်နေပြီဟုရည်ရွယ်) ရှိနေတာပါ။ ဒီ အခွင့်အရေးကို ယူရင်ယူ မဟုတ်ရင်တော့ ချန်ထားလိုက်ပါ” ဟု ၎င်းက ဆိုသည်။

ဂျိုရှူအာမှာ သြဂုတ် ၂၀ ရက်တွင် ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့် ချန်ပီယံ စိန်ခေါ်ပွဲ ပြန်လည်ထိုးသတ်မည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments