ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က မိမိသည် ပြီးခဲ့သည့်ရာသီကထက် (၁၀)ဆပိုကောင်းလာသည်ဟု ပြောကြားခဲ့သည်။
ဘယ်လင်ဟမ်(၂၀ နှစ်)သည် ယခုနွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရို(၁၀၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လာလီဂါအဖွင့်(၂)ပွဲတွင် (၃)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသည်။

“ကျွန်တော်က ပြီးခဲ့တဲ့ရာသီကထက် (၁၀)ဆပိုကောင်းတဲ့ကစားသမား ဖြစ်နေပါပြီ။ ဒီကစားသမားတွေနဲ့ တွဲကစားရတာလည်း သက်သောင့်သက်သာရှိပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အရေးကြီးတာက အသင်းရဲ့ နိုင်ပွဲတွေအတွက် အကူအညီဖြစ်ဖို့ပါပဲ”ဟု ဘယ်လင်ဟမ်က ပြောကြားခဲ့သည်။






