Tuesday, October 21, 2025
spot_img
spot_img

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေ နှာခေါင်းရိုး ကျိုးသွားသော်လည်း အသင်းနှင့်အတူ လေ့ကျင့်မှုပြန်လည်ပြုလုပ်

နှာခေါင်းရိုးကျိုးဒဏ်ရာရရှိထားသည့် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် ဇွန် (၁၉)ရက်တွင် အသင်းနှင့်အတူ လေ့ကျင့်မှုပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဘာပေသည် သြစတြီးယားအသင်းအား အနိုင်ရသည့် ယူရိုပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်တွင် ခေါင်းခုန်တိုက်ရန် ကြိုးပမ်းရာ ပြိုင်ဘက်အသင်းနောက်ခံလူ ဒန်ဆို၏ပခုံးနှင့် ထိခိုက်မိပြီး နှာခေါင်းရိုးကျိုးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ 

သို့သော် ၎င်းအနေဖြင့် ဒဏ်ရာရရှိပြီးနောက် နှစ်ရက်အကြာမှာပင် နှာခေါင်းအကာ ပလာစတာတပ်ဆင်၍ လေ့ကျင့်ရေးကွင်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ 

ဘာပေသည် ကနဦးတွင် ဘောလုံးနှင့်အတူ တစ်ဦးတည်း အပြေးလေ့ကျင့်ခဲ့ပြီး ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်နှင့် စကားပြောပြီးနောက် အသင်းဖော်များနှင့်အတူ ဂိုးကန်သွင်းမှု လေ့ကျင့်ခဲ့ကြောင်း သိရ သည်။


သို့သော် နယ်သာလန်အသင်းနှင့် ဇွန် ၂၁ ရက် (ယနေ့) ကစားရမည့် အုပ်စုဒုတိယပွဲစဉ်တွင် ပါဝင်ကစားနိုင်ခြင်းရှိ၊ မရှိ အတည်မပြုသေးဘဲ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်မည်ဖြစ်သည်။ 

ထို့ပြင် ပြင်သစ်ဘောလုံးအဖွဲ့ ချုပ် (UEFA) က ဘာပေအတွက် အကာအကွယ်မျက်နှာဖုံးတစ်ခု ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

၎င်းအား ဒဏ်ရာရရှိစေခဲ့သည့် သြစတြီးယားနောက်ခံလူ ဒန်ဆိုက အမြန်သက်သာစေရန် ဆုတောင်းပေးကြောင်းနှင့် စိတ်မကောင်းဖြစ်မိကြောင်း X မှတစ်ဆင့် ပြောကြားပြီး ဘာပေကမူ “စွန့်စားမှုမရှိဘူးဆိုရင် အောင်ပွဲတွေလည်း ရှိ လာမှာမဟုတ်ဘူး”ဟု Instagram တွင် တုံ့ပြန်ရေးသားထားသည်။
  
ပြင်သစ်အသင်း၏ နည်းပြဖြစ်သူ ဒေးရွှမ့်က “ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အသင်းဆရာဝန်နဲ့ ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။ ပြင်သစ်အသင်းဆေးအဖွဲ့ကတော့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး အန္တရာယ်ဖြစ်နိုင်ခြေတွေကို လျှော့ချထားပါတယ်။ အခုချက်ချင်း ခွဲစိတ်ကုသဖို့ မလိုအပ်ဘူးဆိုရင်တောင် ယူရို ပြိုင်ပွဲပြီးရင်တော့ ကျွန်တော်တို့ ဒီကိစ္စကို စီစဉ်သွားမှာ ဖြစ်ပါတယ်။ အခုတော့ သူ့အခြေအနေက အေးအေးဆေးဆေးပါပဲ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments