Sunday, March 15, 2026
spot_img
spot_img

ပြင်သစ်တိုက်စစ်မှူး ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၅၀)အထိ PSG အသင်း အလိုရှိနေပြီး ရီးယဲလ်မှ ယူရိုသန်း (၂၀၀)သာ ပေးချေလို

PSG အသင်းသည် တိုက်စစ်မှူး ဘာပေအားရောင်းချခြင်းမှ ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)အထိ အလိုရှိနေပြီး ရီးယဲလ်အသင်းမှာမူ ယူရိုသန်း(၂၀၀)သာ ပေးချေလိုကြောင်း သိရသည်။

ဘာပေ၏အေးဂျင့်ဖြစ်သည့် မိခင်ဖြစ်သူသည် ပြီးခဲ့သည့်လများအတွင်း ရီးယဲလ်မက်ဒရစ်နှင့် စကားပြောခဲ့ပြီး လက်ရှိတွင် PSG အသင်းပိုင်ရှင်များနှင့် အပြောင်းအရွှေ့ အမြန်ဆုံးအပြီးသတ်ရန် ဆွေးနွေးနေသည်။

PSG အသင်းသည် ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)နှင့် Add-ons ကြေး ယူရိုသန်း(၅၀)အထိ အလိုရှိနေပြီး ရီးယဲလ်မှာမူ ယူရိုသန်း (၂၀၀)အပြင် Add-ons ကြေးအဖြစ် ယူရိုသန်း(၂၀)သာ ပေးချေလိုလျက်ရှိကြောင်း စပိန်ဂျာနယ်လစ် တိုမက်စ်ဂွန်ဇာလက်ဇ်မာတင်က သူ၏ Twitter တွင် ရေးသားခဲ့သည်။

သို့သော် Marca သတင်းတွင်မူ PSG အသင်းတွင် လာမည့်ရာသီဆက်ရှိမည်ဟု အတိအလင်းကြေညာထားသည့် ဘာပေသည် စာချုပ်သက်တမ်းပြည့်ကစားလျှင်ရရှိမည့် Loyalty Bonus ကို အရယူမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဘာပေအနေဖြင့် PSG အသင်းတွင် အသားတင်လစာ ပေါင် (၅၂) သန်း ရရှိနေပြီး Loyalty Bonus မှာမူ ပေါင်(၇၈)သန်းဖြစ်ကြောင်း သိရသည်။

၎င်းသည် လာမည့်ရာသီအတွက်ရရှိမည့် ပေါင်သန်း(၁၃၀)ဝန်းကျင်ကို လက်လွတ်ခံမည့်အနေအထားမရှိဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် PSG အသင်းအနေဖြင့် ဘာပေအား လက်လွှတ်လိုလျှင် ၎င်းတို့သတ်မှတ်သည့် ပြောင်းရွှေ့ကြေးပမာဏအောက် များစွာလျှော့ချပေးရဖွယ်ရှိပြီး ရီးယဲလ်အသင်းကလည်း သူ့ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့်သာ ခေါ်ယူရန် ဆန္ဒရှိနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments