မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဦးဆောင်ဂိုးပေးခဲ့ရပြီးမှ နိုင်ပွဲရရှိမှု ပွဲ(၁၀၀)ပြည့်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် မန်ယူအသင်းသည် အဲဗာတန်အသင်းကို ပွဲအစ(၅)မိနစ်မှာပင် ဦး ဆောင်ဂိုးပေးခဲ့ရသော်လည်း အန်တိုနီ၊ စီရော်နယ်လ်ဒိုတို့၏ သွင်းဂိုးများဖြင့် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ဦးဆောင်ဂိုးပေးရပြီးမှ ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀၀)ပြည့်သည့်ပထမဆုံးအသင်းဖြစ်လာခဲ့သည်။
မန်ယူ၏နောက်တွင် စပါးက (၉၆)ပွဲ၊ လီဗာပူးလ်က (၈၅)ပွဲ၊ ချယ်လ်ဆီးက (၈၄)ပွဲ၊ အာဆင်နယ်က (၇၉)ပွဲ အနိုင်ရရှိထားကြောင်း Opta က ဖော်ပြခဲ့သည်။