Thursday, October 23, 2025
spot_img
spot_img

ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့ပါက မြို့အတွင်း လှည့်လည်အောင်ပွဲခံရန် အာဆင်နယ်စီစဉ်ထား

အာဆင်နယ်အသင်းသည် ယခုရာသီ၌ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ပါက လန်ဒန်မြို့အတွင်း လှည့်လည်အောင်ပွဲခံရန် စီစဉ်ထားကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာ၌ ဦးဆောင်နေလျက်ရှိပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး (၁)မှတ်အသာရထားသည်။

အာဆင်နယ်အသင်းက (၂)ပွဲသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့ပြီး မန်စီးတီးအသင်းက (၃)ပွဲကစားရန် ကျန်ရှိနေသည့်အတွက် မန်စီးတီးအသင်းက ချန်ပီယံဆုရရှိရန် အခွင့်အလမ်းပိုများနေသည်။

သို့သော် အာဆင်နယ်အသင်းတာဝန်ရှိသူများက မန်စီးတီးအသင်း ခြေချော်ခဲ့ပါက ချန်ပီယံဆုရရှိနိုင်မည့်အခြေအနေအတွက် မြို့အတွင်း လှည့်လည်အောင်ပွဲခံရန် ကြိုတင်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို မေ(၁၉) တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့ပါက အာဆင်နယ်အသင်းက တနင်္လာနေ့တွင် လှည့်လည်အောင်ပွဲခံရန် စီစဉ်ထားကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံမည့် အစီအစဉ်ကို တနင်္လာနေ့ ညနေ(၅)နာရီတွင် အီမရိတ်စ်ကွင်း၌ စတင်ပြီး ည(၈)နာရီတွင် အီမရိတ်စ်ကွင်း၌ပင် ပြန်လည်အဆုံးသတ်မည်ဟု သိရသည်။

ယင်းအတွက် ဒေသခံတာဝန်ရှိသူများထံ တင်ပြထားပြီဟု သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments