Friday, March 13, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ချန်ပီယံဆုမှာ အဓိကပစ်မှတ်ဟု ဂျေးဇူး ပြောကြား

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူရန်မှာ မိမိတို့၏အဓိကပစ်မှတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် တစ်ရာသီလုံးနီးပါး အဆင့် (၁)နေရာတွင် ရပ်တည်ခဲ့သော်လည်း ရာသီကုန်ခါနီးတွင် ခြေချော်ကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။

ဂျေးဇူးက ပြီးခဲ့သည့်ရာသီက ခြေမချော်မီ မိမိတို့ အသင်းအနေဖြင့် ကြောက်ရွွံခဲ့ကြောင်း ဝန်ခံခဲ့ပြီး လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံရယူရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

”ပရီးမီးယားလိဂ် ရယူဖို့က ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်ပါ။ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်နဲ့အနည်းဆုံးနောက်ဆုံးအချိန်အထိ ကျွန်တော်တို့ယှဉ်ပြိုင်သွားမှာပါ”ဟု ၎င်းက ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments