Monday, October 20, 2025
spot_img
spot_img

ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ခြင်းအတွက် မာတီနက်ဇ် ပြစ်တင်

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပရိသတ်များကွင်းအတွင်း ဝင်ရောက်ခြင်းအတွက် လုံခြုံရေးတာဝန်ရှိသူများကို ပြစ်တင်ခဲ့ကြောင်း သိရသည်။

စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် တူရကီ ဝ-၃ ပေါ်တူဂီပွဲတွင် စီရော်နယ်လ်ဒိုနှင့် ဓာတ်ပုံရိုက်ကူးရန် ကွင်းအတွင်းဝင်ရောက်ခဲ့သည့် ပရိသတ်များကြောင့် ပွဲကို(၄)ကြိမ်တိုင်တိုင် ရပ်နားခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ကွင်းအတွင်းဝင်ရောက်ခဲ့သည့် ပရိသတ်များထဲတွင် အသက် (၁၀)နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ခဲ့ပြီး ၎င်းကို စီရော်နယ်လ်ဒိုက ဓာတ်ပုံတွဲရိုက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မာတီနက်ဇ်က ပရိသတ်များ ယခုထက်အုံကြွလာခြင်းမရှိသည်မှာ ကံကောင်းကြောင်းနှင့် လုံခြုံရေးများစွာရှိနေလျက်နှင့် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

“ဒီမှာ လုံခြုံရေးတွေ အများကြီး ရှိနေတာကြောင့် ဒီလိုမဖြစ်သင့်ပါဘူး။ ဒီလိုလုပ်တာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်း ပရိသတ်တွေကို မက်ဆေ့ချ်ပေးရမှာပါ။ မဟုတ်ရင် အနာဂတ်အတွက် ပိုဆိုးရွားသွားနိုင်ပါတယ်။ ကြယ်ပွင့်ကစားသမားတွေကို ပရိသတ်တွေ ချစ်ကြတာ နားလည်ပေမဲ့ ဒီအပြုအမူကိုတော့ လက်မခံနိုင်ပါဘူး”ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

ဘာနာဒိုဆေးလ်ဗားကလည်း  ပွဲရပ်နားရသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments