Friday, March 13, 2026
spot_img
spot_img

ပယ်လ်မာ ၊ မာရက်ဇ် ၊ အယ်လ်ဗာရက်ဇ်တို့ကိုရောင်းထုတ်ခဲ့တဲ့ ဂွါဒီယိုလာရဲ့အပြောင်းအရွှေ့စီမံပုံကို အွန်နရီမေးခွန်းထုတ်

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက အဓိကကစားသမားတွေဖြစ်တဲ့ ပယ်လ်မာ ၊ မာရက်ဇ် နဲ့ အယ်လ်ဗာရက်ဇ်တို့ကိုရောင်းထုတ်ခဲ့တဲ့ ဂွါဒီယိုလာရဲ့လုပ်ရပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။ စီးတီးဟာ မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီး ထိပ်ဆုံးက လီဗာပူးနဲ့ အမှတ်ကွာဟမှုကို မလျော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီမှာအရေးနိမ့်ခဲ့တာကြောင့် စီးတီးဟာ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၈ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပြင် လူအင်အားအပိုင်းမှာပါ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဟာလန်းက တိုက်စစ်မှာခြေစွမ်းကျဆင်းလာမှုနဲ့အတူ စီးတီးရဲ့ဂိုးရမှုနှုန်းကလည်း နည်းပါးလာခဲ့တာဖြစ်ပါတယ်။

အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး အွန်နရီက အစားထိုးမှုမရှိပဲ မာရက်ဇ် ၊ ပယ်လ်မာ နဲ့ အယ်လ်ဗာရက်ဇ်တို့ကိုရောင်းထုတ်ခဲ့တဲ့ ဂွါဒီယိုလာရဲ့လုပ်ရပ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အွန်နရီက ဟာလန်းနောက်မှာ ဘယ်သူမှရှိမနေဘူးလို့လည်း ခံစားနေရပါတယ်။ “ကျွန်တော်တို့ အားလုံးသိပါတယ်။ အခုလိုပြောတာက ပထမဆုံးအကြိမ်ပါ။ ကျွန်တော်တို့ အဲ့တာကိုပြောကိုပြောရပါမယ်။ ပယ်လ်မာ ၊ မာရက်ဇ် ၊ အယ်လ်ဗာရက်ဇ်တို့ကို လက်လွှတ်ခဲ့တာက တော်တော်လေးဆိုးပါတယ်။

Henry questions Guardiola's transfer plans after selling Palmer, Mahrez and Alvarez

ဂန်ဒိုဂန်ကို ပြန်ခေါ်ထားပေမယ့် အရင်ဂန်ဒိုဂန်မဟုတ်တော့တာကို သတိထားရပါမယ်။ ခင်ဗျားအနေနဲ့ အရင်ဂန်ဒိုဂန်ကို လွမ်းနေမှာပါ။ ဟာလန်းကလည်း တူညီတဲ့ဂိုးအနေအထားသွင်းထားနိုင်ပါတယ်။ ပထမရာသီတုန်းက အနည်းငယ်လောက်ပဲနည်းမှာပါ။ ဒါပေမယ့် သူကအမြဲတမ်း အဲ့လိုလုပ်နေကြပါ။ ရာသီတိုင်းမှာ သူ့ကိုပဲဦးတည်နေသလိုဖြစ်နေပါတယ်။ ဒါပေမယ့် မာရက်ဇ် ၊ အယ်လ်ဗာရက်ဇ် ၊ ဒီဘရိုင်း ၊ ဂန်ဒိုဂန်ဂိုးတွေကို မမြင်ရပါဘူး။

ဂွါဒီယိုလာ နဲ့ သူ့အသင်းကို အပြစ်မပြောချင်ပါဘူး။ သူက အလုပ်ကြိုးစားတဲ့နည်းပြတစ်ဦးဖြစ်သလို အနိုင်ရချိန်မှာလည်း အဲ့တာကို ဆက်ထိန်းထားနိုင်တဲ့သူပါ။ အသင်းရလဒ်မကောင်းဘူးဆိုရင် သူထွက်လာပြီးအသင်းဘက်ကနေ ကာကွယ်ပြောတာကို မြင်နိုင်ပါတယ်။

တစ်ချို့အချိန်တွေမှာ သူ့အသင်းက အနိုင်ရနေရင်တောင် ပေးပို့မှုတွေအတွက် ကစားသမားတွေကိုပြောလေ့ရှိတဲ့သူပါ။ အဲ့တာကို ကျွန်တော်ကြိုက်ပါတယ်။ ခင်ဗျားထိပ်ဆုံးရောက်နေချိန်မှာ ပြောင်းလဲရပါမယ်။ ခင်ဗျားပြောင်းလဲဖို့ ကြိုးစားရပါမယ်။ ဒါမှဒီနေရာမှာဆက်နေနိုင်မှာပါ”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

ကြားရက်မှာ ပွဲတွေမရှိတာကြောင့် ဂွါဒီယိုလာအနေနဲ့ ပြန်လည်စုစည်းနိုင်ဖို့ အခွင့်အရေးရှိနေပြီး လာမယ့်စနေနေ့မှာ စီးတီးဟာ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲဟာ ဂွါဒီယိုလာရဲ့စွမ်းရည်ကို စမ်းသပ်မယ့်ပွဲဖြစ်လာနိုင်သလို အသင်းယုံကြည်မှုကိုလည်း ပြန်လည်ရယူနိုင်မယ့်ပွဲဖြစ်လာဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments