အာဆင်နယ်အသင်းနည်းပြဖြစ်သူ မီခေးလ်အာတီတာသည် နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင်လူကြီးအ ပေါ် ဝေဖန်ပြစ်တင်ခဲ့ခြင်းအတွက် စွဲချက်တင်ခံထားခြင်းအပေါ် FA က ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရှိ ရသည်။
အာတီတာသည် ယင်းပွဲမှ ဆုံးဖြတ်ချက်များအပေါ် ကျက်သရေမရှိသည့်ဆုံးဖြတ်ချက်၊ ရှက်စရာကောင်းသည့်ဆုံးဖြတ်ချက်ဆိုသည့် စကားလုံးများကိုသုံးစွဲကာ ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

အာတီတာ၏ မှတ်ချက်စကားသည် ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ကွင်းလယ်ဒိုင်များအပေါ် စော်ကားမှု သို့မဟုတ် ထိခိုက်နစ်နာစေမှုအဖြစ် ယူဆကာ FA က စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာတီတာ၏ ဖြေရှင်းချက်ဖြစ်သည့် စပိန်ဘာသာစကားအရ အခြားအဓိပ္ပာယ်တစ်ခုနှင့် ဆင်တူနေခြင်းဖြစ်ပြီး ယင်းမှာ အလွဲသုံးစားလုပ်ခံရခြင်းဆိုသည့်အနက် ဖြစ်သည်ဆိုခြင်းကိုလက်ခံကာ ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။






