ဒူးဒဏ်ခွဲစိတ်ကုသမှု ခံယူပြီးနောက် အနားယူနေရသည့် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာသည် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့ သည့်နွေရာသီတွင် မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာ ခဲ့သည့် ပေါ့ဘာသည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ခြင်းကြောင့် ယခုရာသီတွင် ပါဝင်ကစားနိုင်ခြင်းမရှိသေးပေ။

ပေါ့ဘာသည် ယခုအခါ ဂျူဗင်တပ်စ်အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး အောက်တိုဘာလလယ်ပိုင်းတွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။