ချယ်လ်ဆီးအသင်း နောက်ခံလူ ရီးစ်ဂျိမ်းစ်သည် ဒူးဒဏ်ရာကြောင့် တစ်လအနားယူရမည်ဖြစ်ကြောင်း အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

ရီးစ်ဂျိမ်းစ်သည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ် ဆီး (၂-၀) ဘုန်းမောက်ပွဲ၌ ပွဲထွက်ကစားခဲ့သော်လည်း ပွဲချိန် (၅၃) မိနစ်တွင် ဒူးဒဏ်ရာကြောင့် အက်ဇ်ပီလီကွယ်တာနှင့် လူစားလဲခဲ့ရသည်။

ရီးစ်ဂျိမ်းစ်သည် ဒူးဒဏ်ရာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လည်း လွဲချော်ခဲ့ရသူဖြစ်သည်။ အသက် (၂၃)နှစ်အရွယ်ရှိ ရီးစ်ဂျိမ်းစ်က ၂၀၂၂ ခုနှစ်မှာ မိမိအတွက် ခက်ခဲသည့်နှစ်တစ်နှစ်ဖြစ်ကြောင်း Twitter တွင် ရေးသားခဲ့သည်။
ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကမူ ရီးစ်ဂျိမ်းစ်အမြန်သက်သာလာရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။






