Friday, March 13, 2026
spot_img
spot_img

ဒီဘရိုင်း ၊ ဘယ်လင်ဂမ် ၊ အော်ဒီဂတ်တို့ သုံးဦးမှာ ဘယ်သူ့ကို Start ၊ Bench ၊ Sell လုပ်သွားမလဲ ဆိုတာ ပြောပြလိုက်တဲ့ ဟာလန်

ဘယ်လင်ဂမ် ၊ ကယ်ဗင် ဒီဘရိုင်းနား ၊ အော်ဒီဂတ် တို့ ၃ ဦးစလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ် အသင်းတွေမှာ ကမ္ဘာ့အဆင့် ခြေစွမ်း ပြသ ထားနိုင်ကြသူတွေ ဖြစ်ပါတယ် ၊ အဲ့ဒီ သုံးဦး ထဲမှာ အာလင် ဟာလန်း သဘောကျ အနှစ်သက်ဆုံး ကစားသမား က ဘယ်သူ ဖြစ်မလဲ ?

မန်စီးတီး တိုက်စစ်မှူး ဟာလန်း ဟာ သူ့ရဲ့ ကစားသမား ဘဝ မှာ အဆိုပါ ထိပ်တန်း ကစားသမား ၃ ဦး စလုံး နဲ့ တွဲဖက် ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ် ။ ဘယ်လင်ဂမ် ဟာ ဒေါ့မွန် အသင်း ရဲ့ ကွင်းလယ် အသက်သွေးကြော ကစားသမား ဖြစ်ပြီး ဟာလန်း ဂျာမနီ မြေမှာ ကစားစဉ်တုန်းက သူတို့ နှစ်ဦး ပေါင်းစပ်ကာ သွင်းဂိုးတွေ အမြောက်အများ သွင်းယူ နိုင်ခဲ့ကြပါတယ် ။

ဒီဘရိုင်း ဟာလည်း ဒီရာသီ မှာ ဟာလန်း အတွက် ဂိုးဖန်တီးမှုတွေ အမြောက်အများ လုပ်ပေးနေတဲ့ ကစားသမား ဖြစ်ပါတယ် ။ မာတင် အော်ဒီဂတ် ကတော့ ဟာလန်း ရဲ့ နော်​ဝေ လက်ရွေးစင် အသင်းဖော် ကပ္ပတိန် ပါ ။ ဟာလန်း ဟာ သူတို့ ၃ ဦးထဲမှာ ဘယ်သူ့ကို ပွဲထွက်ခွင့် ပေးမယ် ၊ ဘယ်သူ့ကို အရန်ခုံထားမယ် ၊ ဘယ်သူ့ကို ရောင်းချမယ် ဆိုတဲ့ မေးခွန်းကို မေးခံ ခဲ့ရပါတယ် ။

ဟာလန်း ကို အဆိုပါ မေးခွန်း မေးခဲ့သူကတော့ ဆိုရှယ်မီဒီယာ မှာ နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်တဲ့ Liv Wang ပါ ၊ ဟာလန်း က မေးခွန်းကို ကြားကြားချင်းမှာပဲ ရယ်မောပြီး ” တကယ့်ကို ဖြေရ ခက်ခဲတဲ့ မေးခွန်း ပါပဲ ၊ ကျနော်ကတော့ ဒီဘရိုင်း ကို ပွဲထွက် လူစာရင်းမှာ ဆက်ထား ချင်ပါတယ် ။ ”

ဆက်လက်ပြီး ဟာလန်း က ဘယ်လင်ဂမ် ကို ရောင်းထုတ်ပြီး အော်ဒီဂတ် ကို အရန်ခုံမှာ ထားမယ်လို့ ဆိုသွားခဲ့ပါတယ် ။ ” ဘယ်လင်ဂမ် ကိုတော့ ရောင်းထုတ်ပါမယ် ၊ လက်ရှိ အချိန်မှာ သူ့ကို ရောင်းထုတ်လိုက်ရင် ကျနော် ပိုက်ဆံတွေ အများကြီးရမှာပါ ၊ သူက အသက်ငယ်ငယ်လေးပဲ ရှိသေးတာကြောင့် ခုချိန် ရောင်းရင် ငွေကြေး အမြောက်အများ ရမှာမို့လို့ပါ ။ ”

” အော်ဒီဂတ် ၊ ကျနော့်ရဲ့ လက်ရှိ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်နေတဲ့ ကစားသမား ကိုတော့ အရန်ခုံမှာပဲ ထားပါမယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။ ဟာလန်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားရာမှာ ၂၆ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ် ၊ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဟာလန်း ဟာ ၁ ဂိုးသာ သွင်းယူ ထားပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments