Tuesday, October 21, 2025
spot_img
spot_img

ဒိန်းမတ် နဲ့ ပွဲမှာ အာနိုး နှင့် ကိန်းကို လူစားလဲခဲ့တဲ့ အကြောင်းအရင်း ကို ရှင်းပြလိုက်တဲ့ ဆောက်ဂိတ်

ယူရို ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေခဲ့တဲ့အင်္ဂလန် အသင်းဟာ မနေ့က ကစားခဲ့တဲ့ ဒိန်းမတ် အသင်း နဲ့ ပွဲမှာ တစ်ဖက် တစ်ဂိုးစီ သရေ ကျခဲ့ပြီး အခုချိန်ထိ ပရိသတ်တွေ မြင်တွေ့ချင်နေကြတဲ့ အားကောင်းတဲ့ အင်္ဂလန် အသင်း အဖြစ် မြင်တွေ့ ရခြင်း မရှိသေးပါဘူး ။

အင်္ဂလန် အသင်းဟာ ဒိန်းမတ် နဲ့ ပွဲမှာ ကိန်း ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဟော့မန်း က ပထမပိုင်း မပြီးခင်မှာတင် ဒိန်းမတ် အတွက် ချေပဂိုး ပြန်သွင်း ယူပေးခဲ့ပါတယ် ။ ဒုတိယ ပိုင်းမှာဝော့ာ ဆောက်ဂိတ် ဟာ အာနိုး နှင့် တိုက်စစ် ကစားသမားတွေ အားလုံး ကို လူစားလဲ ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုး ကိုတော့ သွင်းယူ နိုင်ခဲ့ခြင်း မရှိပါဘူး ။

အင်္ဂလန် အသင်း နည်းပြ ဆောက်ဂိတ် ‌ကတော့ ပွဲအပြီး မှာ သွင်းဂိုး လိုအပ်နေချိန် ဟယ်ရီကိန်း ကို လူစား လဲခဲ့တာနဲ့ ပတ်သက်ပြီး ” ကျနော်တို့ အင်ပြည့်အားပြည့်နဲ့ ကစားနိုင်မယ့်သူတွေ လိုအပ်တာကြောင့်ပါ ။ ကျနော်တို့ ကစားဖို့ လန်းဆန်း တက်ကြွမှု အပြည့် ရှိသူတွေ နှင့် press ကောင်းကောင်း လုပ်နိုင်မယ့်သူတွေ လိုနေတာကြောင့်ပါ ။ ”

” ဟယ်ရီကိန်း က ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ဘိုင်ယန်မြူးနစ် အသင်း အတွက် မိနစ် ၉၀ ပြည့် တစ်ပွဲ ပဲ ကစားရပါသေးတယ် ။ ဒါကြောင့် သူ့ကို လူစားလဲဖို့ ဆုံးဖြတ် ခဲ့တာပါ ။ ”

အာနိုး ကို လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဆောက်ဂိတ် က “ကော်နာလို အင်ပြည့်အားပြည့် နဲ့ press ကောင်းကောင်း လုပ်နိုင်တဲ့သူကို အသင်းက လိုအပ်လာတာကြောင့်ပါ ။ကော်နာ ကလည်း အဲ့ဒီ အရာကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments