Wednesday, March 4, 2026
spot_img
spot_img

ဒန်နီအိုလ်မိုနှင့် ပါအူဗစ်တာတို့ရဲ့ စာရင်းသွင်းမှုအပေါ် ပြောကြားလိုက်တဲ့ ဟန်ဆီဖလစ်ခ်

မကြာသေးမီရက်သတ္တပတ်များအတွင်း ဘာစီလိုနာ နှင့်ပတ်သက်တဲ့ သတင်းတစ်ခုလုံးဟာ ဒန်နီအိုလ်မို နှင့် ပါအူဗစ်တာ တို့ကို မှတ်ပုံတင်ခြင်းနှင့်သာ သက်ဆိုင်နေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ အဆိုပါပြဿနာကို ဖြေရှင်းရန် အဖြေကို ရှာဖွေနေသော်လည်း ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြီးဆုံးဖို့ မဖြစ်နိုင်ခဲ့တာပါ။ သို့သော်လည်း ကတ်တလန်အသင်းဟာ ဇန်နဝါရီ ၃ ရက် ကိုပါဒဲရေးပွဲမတိုင်မီ နည်းပြရဲ့ ထုံးစံအတိုင်း သတင်းစာရှင်းလင်းပွဲတွင် ဖလစ်ခ်က မီဒီယာသို့ စကားပြောဆိုခြင်းမပြုမီ ကက်တလန်အသင်းက အဆိုပါပြဿနာကို ပြေလည်မှုရရှိမယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မဖြစ်မလာသေးတဲ့အတွက် အိုလ်မိုနဲ့ ဗစ်တာတို့ရဲ့ အခြေအနေကို မီဒီယာတွေရှေ့မှာ ဖလစ်က မေးမြန်းခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ဂျာမန်သားနည်းပြက ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ကလပ်အပေါ် ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဒန်နီအိုလ်မို နဲ့ ပါအူဗစ်တာတို့အကြောင်း အများကြီး မပြောချင်ပါဘူး။ ဒါက ကျွန်တော့်အလုပ်လည်းမဟုတ်ပါဘူး။ ကျွန်တော် ဒီနေ့ ဥက္ကဌနဲ့ စကားပြောခဲ့ပြီး အသင်းအပေါ် ကျွန်တော် ယုံကြည်မှုရှိပါတယ်။ သူတို့က သူတို့အလုပ်လုပ်ပြီး ကျွန်တော်က ကျွန်တော့်အလုပ်ကို လုပ်မှာပါ” လို့ ဖလစ်ခ်က ပြောပါတယ်။

ဒါပေမယ့် သူရော ကစားသမားတွေရောက ဒီအခြေအနေအတွက် မပျော်ရွှင်ကြောင်း ဝန်ခံခဲ့ပါတယ်။ “ရိုးရိုးသားသားပြောရရင် ကျွန်တော် အခြေအနေနဲ့ ပတ်သက်ပြီး မပျော်ပါဘူး။ ကစားသမားတွေလည်း အတူတူပါပဲ။ ဒါပေမယ့် အဲဒါက အတိုင်းပါပဲ။ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေဖြစ်ကြပါတယ်။ ယုံကြည်မှုဆိုတာ ရှိပါတယ်။ ဆုံးဖြတ်ချက်ကို စောင့်ရမှာပေါ့” လို့ နည်းပြက ကပြောပါတယ်။

Hansi Flick on the registration of Dani Olmo and Pau Victor

ယနေ့အစောပိုင်းကတည်းက ကလပ်ဥက္ကဋ္ဌ လာပေါ်တာ နှင့် သူ့ရဲ့စကားပြောဆိုမှုအပေါ် ပြောကြားပေးရန် ဖလစ်ကို တောင်းဆိုခဲ့ကြပါတယ်။ “ကျွန်တော် ဥက္ကဌနဲ့ စကားပြောတဲ့အခါ အဲဒါက သီးသန့်ဖြစ်တာကြောင့် သီးသန့်ပဲထားလိုက်ပါမယ်” လို့ ဖလစ်ခ်က ပြောပါတယ်။ ဘာစီလိုနာမှာ အချိန်တိုအတွင်း ကြုံတွေ့ရတဲ့ ပြဿနာအားလုံးကို ကျေနပ်မှုရှိလားလို့ မေးမြန်းရာမှာ နည်းပြက “ကျွန်တော် ဘာစီလိုနာမှာရှိနေတဲ့ ပထမစက္ကန့်ကစပြီး အရာအားလုံးကို သဘောကျခဲ့ပါတယ်။ အဝတ်လဲခန်းထဲက စိတ်ဓာတ်က မယုံနိုင်စရာပါပဲ။ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်နဲ့ ပတ်ဝန်းကျင်ပါပဲ။ အဲဒါကြောင့် ဒီမှာ အလုပ်လုပ်ရတာကို သဘောကျပါတယ်” လို့ ဖြေပါတယ်။

ဒီကိစ္စတစ်ခုလုံးက အခြားကစားသမားတွေကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ အနာဂတ်ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်သလားလို့ မေးတဲ့အခါ ဖလစ်ခ်က “သူတို့နှစ်ယောက်က အရမ်းကောင်းတဲ့ ကစားသမားတွေဖြစ်ပြီး ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့အတွက် ကျွန်တော်တော့ အဲ့ဒီလို မထင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာတောင် အကောင်းဘက်ကတွေးပြီး အကောင်းမြင်တတ်ပါတယ်”

“ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်လိုအခြေအနေရှိလဲဆိုတာကို ကျွန်တော်တို့မြင်ရပြီး အခြေအနေကို အကဲဖြတ်ရပါမယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို အကောင်းမြင်ပါတယ်။ လွယ်တော့မလွယ်ဘူးဆိုတာ ကောင်းကောင်းသိပေမယ့် အဆုံးသတ်မှာတော့ အကောင်းမြင်နေတုန်းပါပဲ” လို့ ပြောပါတယ်။ အိုလ်မို နှင့် ဗစ်တာ တို့နှင့်ပတ်သက်ပြီး နည်းပြက “သူတို့ ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လေ့ကျင့်ရေးမှာမြင်ရတဲ့ အတိုင်း သူတို့ဟာ ကောင်းမွန်နေပြီး ဘာမှ ထူးထူးခြားခြား မတွေ့ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး” လို့ ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments