Friday, March 13, 2026
spot_img
spot_img

ဒက်ကလန်ရိုက်စ်သည် အသင်းဖော်များကို ပိုကောင်းအောင် လုပ်ပေးသူဖြစ်ကြောင်း ဘင်ဝှိုက် ချီးကျူး

အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက်က အသင်းကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်သည် အသင်းဖော်များကို ပိုကောင်းအောင် လုပ်ပေးနိုင်သူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်သည် ပြီးခဲ့သည့်နွေရာသီကမှ ဝက်စ်ဟမ်းအသင်းမှ အာဆင်နယ်အသင်းထံသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဒက်ကလန်ရိုက်စ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၃၁) ပွဲ ပါဝင်ကစားထားကာ (၃) ဂိုးသွင်းယူပေးထားသည်။ ဘင်ဝှိုက်က အာဆင်နယ်အသင်းမှာ ဒက်ကလန်ရိုက်စ်ကြောင့် ပိုကောင်းလာသည်ဟု ပြောကြားခဲ့သည်။

ဘင်ဝှိုက်က “ဒက်ကလန်ရိုက်စ်ဟာ အသင်းအတွက် များစွာယူဆောင်လာသူပါ။ သူဟာ ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာကို လူတိုင်း သိပါတယ်။ သူ့ကြောင့် အသင်းရဲ့အဝတ်လဲခန်းအတွင်း ကစားသမားတွေရဲ့ ဆက်ဆံရေးဟာ ပိုကောင်းလာပြီး သူဟာ အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သူပါ။ ပြီးတော့ ဒက်ကလန်ရိုက်စ်ဟာ အသင်းဖော်တွေကို ပိုကောင်းအောင်တွန်းပေးသလို၊ သူ့အနားမှာ ရှိတဲ့ ကစားသမားတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်သူပါ။ သူဟာ အသင်းကို နည်းလမ်းများစွာနဲ့ ကူညီနေသူဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments