ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ဆော်ဒီနှင့်ကစားမည့်ပွဲမှာ မိမိတို့အတွက် အလွန်အရေးကြီးသည့်ပွဲဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

ပိုလန်အသင်းသည် အုပ်စု အဖွင့်ပွဲတွင် မက္ကဆီကိုနှင့် (၀-၀)ဂိုး ဖြင့် သရေကျခဲ့ပြီး ယင်းပွဲတွင် လီဝန်ဒေါစကီးသည် ပယ်နယ်တီကန်ခွင့်ရခဲ့သော်လည်း ၎င်း၏ကန်ချက်ကို မက္ကဆီကိုဂိုးသမား အိုချူအာက ကာကွယ်နိုင်ခဲ့သည်။

ပိုလန်အသင်းသည် အုပ်စု (C) ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားကို အံ့အားသင့်ဖွယ်နိုင်ခဲ့သည့် ဆော်ဒီအသင်းနှင့် ယနေ့ ကစားရမည်ဖြစ်သည်။

လီဝန်ဒေါစကီးက “အာဂျင်တီးနားကို အနိုင်ရခဲ့တဲ့ ဆော်ဒီရဲ့ နိုင်ပွဲအပေါ် အံ့အားသင့် မိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားမှာ ဒါတွေက ဖြစ်နေကျပါ။ အခု ကျွန်တော်တို့အနေနဲ့ ဆော်ဒီနဲ့ကစားဖို့ ပြင်ဆင်နေပြီး ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ပွဲပါပဲ။ ဆော်ဒီနဲ့ပွဲက ခက်ခဲမှာဖြစ်ပြီး ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားရမှာပါ” ဟုဆိုခဲ့သည်။






