Tuesday, September 30, 2025
spot_img
spot_img

ဆလီဘာ or ဗန်ဒိုက်?? ကိုယ့်အသင်းအတွက် ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာ ပြောပြလိုက်တဲ့ မိုက်ကယ်ဒေါ်ဆင်

စပါးနဲ့ အင်္ဂလန် နောက်ခံလူဟောင်း ဖြစ်သူ မိုက်ကယ်ဒေါ်ဆင်က ဝီလီယံဆလီဘာဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေပေမယ့်လည်း သူ့အသင်း အတွက် ရွေးချယ်မှု ပြုလုပ်သွားရမယ် ဆိုရင် အာဆင်နယ် စတားထက်စာရင် လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ကိုပဲ ရွေးချယ်နေအုံးမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ် ဗဟိုနောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က စိန့်အက်တီယန် ကနေ ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး မနှစ်က မာဆေးမှာ အငှား သွားကစားပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဆလီဘာဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ နောက်တန်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားလျက် ရှိနေပြီး ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် အဖွင့် ၈ ပွဲမှာ ၇ ပွဲထိ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ ၂၀၁၈ ခုနှစ်က အန်ဖီးကို ရောက်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ်တွေအတွင်း လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အထူး အရေးပါခဲ့သူ ဖြစ်ကာ ဒီရာသီမှာတော့ ၎င်းရဲ့ form ဟာ ကျဆင်းနေပြီး ယာဂန်ကလော့ရဲ့ အသင်းကလည်း ရလဒ်တွေ မကောင်း ဖြစ်နေကာ ပရီးမီးယားလိဂ် အဖွင့် ၇ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရှိပါသေးတယ်။ ယနေ့ည အာဆင်နယ် vs လီဗာပူး ပွဲစဉ် မတိုင်မီ ဆလီဘာ နဲ့ ဗန်ဒိုက် တို့ကို နှိုင်းယှဉ်မှုတွေ ပြုလုပ်နေကြပေမယ့် ဒေါ်ဆင်ကတော့ ဆလီဘာ အနေနဲ့ လီဗာပူးစတားနဲ့ နှိုင်းယှဉ်ခံရဖို့ အတွက် အကောင်းဆုံး ပုံစံကို ကာလရှည် ပြသသွားဖို့ လိုအပ်နေသေးတယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

ဒေါ်ဆင်က “ကျွန်တော့်အတွက် ကတော့ ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါ။ ဒါပေမယ့် ဒီရာသီ ဆလီဘာ လုပ်ပြထားခဲ့တာတွေကိုတော့ ချီးကျူးသွားရမှာပါ။ ဗန်ဒိုက်နဲ့ နှိုင်းယှဉ်သွားဖို့ အတွက် ဆိုရင်တော့ သူဟာ ပုံစံကောင်းကို နှစ်ပေါင်းများစွာ တောက်လျှောက် ပြသသွားဖို့ လိုအပ်မှာပါ။ ကျွန်တော်ဟာ ဗန်ဒိုက်ရဲ့ အမာခံ ဖြစ်ပြီး ကိုယ့်အသင်းမှာ သူ့ကိုပဲ တစ်ချိန်လုံး ရွေးချယ်သွားမှာပါ။ ဆလီဘာ အနေနဲ့ ဒီအဆင့်ကို ရောက်ဖို့ အတွက် အများကြီး လုပ်သွားရမှာပါ။

ကာရေဂါကလည်း ဆလီဘာရဲ့ အရည်အသွေးနဲ့ ပက်သက်ပြီး အထူး ချီးကျူးလိုက်ပေမယ့် ပြင်သစ် နောက်ခံလူ အနေနဲ့ ဗန်ဒိုက်နဲ့ နှိုင်းယှဉ်သွားဖို့ အတွက် ဒီ level ကို ကာလရှည် ထိန်းသိမ်းသွားရမယ်လို့ ပြောလိုက်ပါတယ်။

ကာရေဂါက “ဆလီဘာဟာ ဗာဂျယ်ဗန်ဒိုက်ရဲ့ ပုံစံမျိုး မော်ဒန်ခေတ် ဗဟိုနောက်ခံလူ ဖြစ်ပါတယ်။ သူဟာ လျှင်မြန်တဲ့ တိုက်စစ်မှုးတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လျှင်မြန်မှုမျိုးကို ပိုင်ဆိုင်ထားပါတယ်။ အထောင်တိုက်စစ်မှုးတွေကို ဖြေရှင်းနိုင်တဲ့ အမြင့်ဘောစွမ်းရည် နဲ့ နောက်တန်းကနေ ကစားကွက် စတင်ပေးနိုင်တဲ့ ဘောလုံးစွမ်းရည်လည်း ရှိထားပါတယ်။

အမှန်ပါပဲ။ ဒါဟာ သူ့အတွက် အစောပိုင်းနေ့ရက်တွေပဲ ရှိပါသေးတယ်။ ဆလီဘာဟာ လီဗာပူးမှာ ကာလရှည် ကြီးမားတဲ့ လွှမ်းမိုးမှုကို လုပ်ထားနိုင်တဲ့ ဗန်ဒိုက်ကို မှီဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ယိုယွင်းနေခဲ့တဲ့ ခံစစ်ကို လုံး၀ မမှတ်မိနိုင်အောင် အကောင်းဆုံး လုပ်ပြထားခဲ့တာတော့ အမှန်ပါပဲ။ အန်ဖီးမှာ ဗန်ဒိုက်ရဲ့ အစောပိုင်းနှစ်တွေလိုမျိုး ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments