Monday, October 20, 2025
spot_img
spot_img

စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂိုကာရက်စ်အား ခေါ်ယူရန် အာဆင်နယ်အသင်း နီးစပ်

အာဆင်နယ်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ဂိုကာရက်စ်အား ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။ 

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည့် အာဆင်နယ်အသင်းသည် ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိ အာဆင်နယ်အသင်း၏တိုက်စစ်တွင် ဂျေးဇူးနှင့် အန်ကယ်တီယာတို့မှာ ဂိုးသွင်းအားနည်းသည့်အတွက် အာဆင်နယ်အသင်းသည် ယခုနွေတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် နယူးကာဆယ် တိုက်စစ်မှူး အီဆက်ခ်၊ နာပိုလီတိုက်စစ်မှူး အိုဆင်မန်၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးတို့ အား ခေါ်ယူရန်စိတ်ဝင်စားနေသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂိုကာရက်စ်အား ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဂိုကာရက်စ် သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ တွင် ၄၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးခဲ့သည်။ စပို့တင်းလစ္စဘွန်းအသင်း နှင့် ချုပ်ဆိုထားသည့် ဂိုကာရက်စ်၏ လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပြီး ပေါင် ၈၅ သန်းတန် လျော်ကြေးစာချုပ်လည်း ပါဝင်ကြောင်း သိရှိရသည်။ 

ပေါ်တူဂီသတင်းစာ Leonino ၏ ဖော်ပြချက်အရ အာဆင်နယ်အသင်းသည် ဂိုကာရက်စ်အတွက် ပြောင်းရွှေ့ကြေးအမြောက်အမြားအသုံးရန် အသင့်ရှိနေကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ဂိုကာရက်စ်ကို ခေါ်ယူရန်အတွက် ဂျေးဇူးနှင့် အန်ကယ်တီယာတို့ကို ရောင်းချကာ ရန်ပုံငွေရှာဖွယ်ရှိကြောင်းလည်း သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments