အီရန် အမေရိကန်သူဌေးကြီး နာဂျာဖီသည် စီးပွားရေးအုပ်စုတစ်စုကို ဦးဆောင်၍ စပါးအသင်းကို ဝယ်ယူရန် ပေါင် ၃.၁ ဘီလီယံတန်ကမ်းလှမ်းမှုတစ်ခုကို ပြလုပ်သွားရန် ပြင်ဆင်နေကြောင်း ၎င်းနှင့် နီးစပ်သောပုဂ္ဂိုလ်နှစ်ဦးက ထုတ်ဖော်ပြောဆိုကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသည်။

MSP Sports Capital စီးပွားရေးလုပ်ငန်းစု၏ ဥက္ကဌဖြစ်သော နာဂျာဖီသည် စီးပွားရေးလုပ်ငန်းစု တစ်ခုကို ဦးဆောင်၍ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး စပါးအသင်းပိုင်ရှင်ဂျိုးလူးဝစ်စ်နှင့် ဥက္ကဌ လတ်ဗီတို့ကို လာမည့်တစ်ပတ်တွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေကြောင်း မီဒီယာများက ဆက်လက်ဖော်ပြသည်။

စပါးအသင်းပရိသတ်များအတွက် အဆိုပါသတင်းသည် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း မီဒီယာများက ဖော်ပြသည်။ နာဂျာဖီသည် ဟားဗတ်တက္ကသိုလ်မှ Business Economics အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သူဖြစ်သည်။






