Saturday, September 13, 2025
spot_img
spot_img

စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် အလွန်အမင်းစိတ်ဝင်စားနေကြောင်း ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ဝန်ခံ

ဘိုင်ယန်မြူးနစ်အသင်းသည် စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းအား ခေါ်ယူရန် အလွန်အမင်းစိတ်ဝင်စားနေကြောင်း အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ယန်းခရစ္စတီယန်ဒရီးဆန် က ဝန်ခံခဲ့သည်။ 

သို့သော် မကြာသေးမီက ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ အူလီဟိုးနက်စ်မှ ကာယကံရှင်ကစားသမားသည် ဘိုင်ယန်အသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း ပြောကြားခဲ့ပြီးနောက် ဘိုင်ယန်အသင်းသည် အပြောင်းအရွှေ့လုပ်ဆောင်ရာတွင် အခက်အခဲများ ပိုရှိလာနိုင်သည်ကို စိုးရိမ်ကြောင့်ကြနေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဟာရီကိန်းကို အလွန်စိတ်ဝင်စားနေတယ်ဆိုတာ လျှို့ဝှက်ထားစရာ မလိုပါဘူး။ အူလီပြောခဲ့တဲ့ အရာရာတိုင်းကလည်း မှန်ပါတယ်။ ဒါပေမဲ့ နည်းပြပြောခဲ့တာကပဲ ကျွန်တော်တို့အဖို့ အကောင်းဆုံးဖြစ်မှာပါ။ မြေပြင်အခြေအနေမှာ မျှော်လင့်ထားသလို အပြောင်းအရွှေ့က မြန်မြန် မဖြစ်လာနိုင်ပါဘူး။ နောက်ပိုင်းနှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ အပြောင်းအရွှေ့ ကာလရဲ့ နောက်ဆုံးရက်တွေမှာ ကစားသမား ခေါ်ယူမှု အမြောက်အမြား ပြုလုပ်ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာတော့ လက်လွှတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ အရေးအကြီးဆုံးအရာက ကစားသမားတွေပါပဲ။ ကျွန်တော်တို့ကလည်း အမှန်တကယ် အလိုရှိသလို၊ သူတို့ကလည်း အသင်းနဲ့ပူးပေါင်းချင်မယ့် ဆန္ဒရှိဖို့ပါ။ အပြောင်းအရွှေ့အတွက် အချိန်ဘယ်လောက် ယူရယူရ ကိစ္စမရှိပါဘူး” ဟု ဒရီးဆန်က ဘိုင်ယန်အသင်းသတင်းစာရှင်းလင်းပွဲတွင် ဟာရီကိန်းနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူဟယ်လ်ကမူ ဟာရီကိန်းနှင့် ပတ်သက်ပြီး “ကျွန်တော်တို့အသင်းနဲ့ စာချုပ်မရှိတဲ့ ကစားသမားတွေအကြောင်း မှတ်ချက်ပေးမှာမဟုတ်ပါဘူး။ ကစားသမားတစ်ဦးက ကျွန်တော်တို့အသင်းကို ကူညီနိုင်မယ့်အစွမ်း ရှိတယ်လို့ ဆွဲဆောင်နိုင်ရင် ကျွန်တော်တို့ သူ့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ”ဟု တုံ့ပြန်ခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်း၏အမှုဆောင်ချုပ် ခရစ္စတီယန်ဒရီးဆန်၊နည်းစနစ်ဒါရိုက်တာ မာကိုနက်ပယ်တို့သည် စပါးအသင်းဥက္ကဋ္ဌဖြစ်သူ လီဗီနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့ နံနက်က လန်ဒန်မြို့တွင် နံနက်စာစားပြီး တွေ့ဆုံခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ဟာရီကိန်းအတွက် နောက်ဆုံးကမ်းလှမ်းထားသည့် ပေါင် သန်း ၇၀+ Add-ons ကြေးအစား ကြေးတိုးမြှင့်ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments