Wednesday, March 4, 2026
spot_img
spot_img

ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် ဂရင်းဝုဒ် သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းထွက်   

ဂီတာဖေးအသင်းတွင် အငှားဖြင့် သွားရောက်ကစားနေသည့် မေဆင်ဂရင်းဝုဒ်သည် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းထံသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
    
ဂရင်းဝုဒ်သည် လူမှုရေးပြဿနာကြောင့် မန်ယူနိုက်တက်အသင်းက အသင်းမှထုတ်ပယ်ရန် ဆုံးဖြတ်ပြီးနောက် ဂီတာဖေးအသင်းထံသို့ အငှားဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ 

သူသည် ဂီတာဖေးအသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက် (၃၆) ပွဲကစားခဲ့ရာတွင် (၁၀) ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုများလည်း ပြုလုပ်နိုင်ခဲ့သည်။ 

ဂီတာဖေးအသင်းက ဂရင်းဝုဒ်အား အပြီးးသတ် ခေါ်ယူလိုသော်လည်း မန်ယူနိုက်တက်အသင်း သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးကို ပေးချေရန် အခက်အခဲရှိသလို မန်ယူနိုက်တက်အသင်းကလည်း အငှားချလိုခြင်း မရှိတော့ချေ။

ယခုအချိန်တွင် ဂျူဗင်တပ်စ်အသင်းက ဂရင်းဝုဒ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူနိုက်တက်အသင်းထံသို့ ပေါင်သန်း (၃၀) ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားမည်ဟု သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments