Monday, October 20, 2025
spot_img
spot_img

ဂျူဗင်တပ်စ်နှင့် ဗီလာအသင်း ကစားသမားအလဲအထပ်အတွက် သဘောတူညီမှု ရရှိ

အက်စတွန်ဗီလာအသင်းနှင့် ကစားသမားအလဲအထပ်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုကြေညာခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ဗီလာမှ ဘရာဇီးလ်ကွင်းလယ်လူ ဒူးဂလပ်စ်လူးဝစ်ဇ်ကို ခေါ်ယူမည်ဖြစ်ပြီး အသင်းကြယ်ပွင့်များဖြစ်သည့် အာဂျင်တီးနားကွင်းလယ်လူ ဘာရန်နက်ချယ်ယာနှင့် အင်္ဂလန်တောင်ပံကစားသမား အီလင်းဂျူနီယာတို့မှာ ဗီလာအသင်းထံ ပြောင်းရွှေ့ရမည်ဖြစ်သည်။

ဒူးဂလပ်စ်လူးဝစ်ဇ်၏ ပြောင်းရွှေ့ကြေးကို ယူရို သန်း(၅၀)သတ်မှတ်ထားပြီး ဘာရန်နက်ချယ်ယာနှင့် အီလင်းဂျူနီယာတို့ နှစ်ဦးအတွက် ယူရို(၂၂)သန်းနှင့် Add-ons ကြေး ယူရို (၃)သန်းရှိကြောင်း သိရသည်။

ထို့ကြောင့် ဗီလာအနေဖြင့် ယင်းအပြောင်းအရွှေ့မှ ယူရို(၂၈)သန်း အမြတ်ထွက်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းမှာမူ ဘာရန်နက်ချယ်ယာနှင့် အီလင်းဂျူနီယာတို့၏ အနာဂတ်အပြောင်းအရွှေ့မှ (၁၀)ရာခိုင်နှုန်း ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဒူးဂလပ်စ်လူးဝစ်ဇ်၏ချစ်သူဖြစ်သည့် အက်စတွန်ဗီလာအမျိုးသမီးအသင်းမှ ဆွစ်ဇာလန်လက်ရွေးစင် တိုက်စစ်မှူး အလီရှာလေမန်းမှာလည်း ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့မည်ဖြစ်သည်။

ယခု ကစားသမားအလဲအထပ်တွင် အစောပိုင်းက မက်ကန်နီးနှင့် အီလင်းဂျူနီယာဟူ၍ သတင်းထွက်ခဲ့သော်လည်း မက်ကန်နီး၏ လစာငွေမြင့်မားမှုကြောင့် ပျက်ပြယ်ခဲ့ကာ ပြီးခဲ့သည့်ရာသီက ဖရိုဆီနိုနီအသင်းတွင် အငှားကစားခဲ့သော ဘာရန်နက်ချယ်ယာနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments