Monday, October 20, 2025
spot_img
spot_img

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်ကိုခေါ်ယူရန် ချယ်လ်ဆီးအသင်း ဆက်သွယ်

ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရန်ဆက်သွယ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် တိုက်စစ်ပစ်မှတ်များအတွက် ဆွေးနွေးမှုများ စတင်နေပြီး ယင်းထဲတွင် ဗလာဟိုဗစ်လည်း ပါဝင်လျက်ရှိသည်။

ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်သည် ပြီးခဲ့သည့်ရာသီက ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်းယူခဲ့သည်။ ဂျူဗင်တပ်စ်အသင်းကမူ ၎င်းတို့အသင်း၏ တိုက်စစ်မှူး ဗလာဟိုဗစ်အား ခေါ်ယူလိုနေသည့် ချယ်လ်ဆီးအသင်းအနေဖြင့် ဗလာဟိုဗစ်ကို ခေါ်ယူလိုပါက ၎င်းတို့၏ တိုက်စစ်မှူး လူကာကူနှင့်ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်း အလိုက်ပေးကမ်းလှမ်းရန် တောင်းဆိုခဲ့သည်။  

ချယ်လ်ဆီး အသင်းသည် မောင့်ပယ်လီယာအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး ၀ါဟီနှင့်လည်း ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အသက် ၂၀ နှစ်အရွယ်ရှိ ၀ါဟီသည် မောင့်ပယ်လီယာ အသင်းတွင် သုံးရာသီကစားထားခဲ့ပြီး ပြီးခဲ့ သည့်ရာသီက ၁၉ ဂိုး သွင်းယူခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ယခုအပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်ပိုင်းအား ဖြည့်မှုများ ဆက်တိုက်ပြုလုပ်ထားပြီး လိုက်ပ်ဇစ်အသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူကို ပေါင် ၅၃ သန်း၊ ဗီလာရီးယဲလ်အသင်းမှ ဆီနီဂေါတိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကို ပေါင် ၃၂ သန်းဖြင့် ခေါ်ယူခဲ့သည်။

ဂျူဗင်တပ်စ်အသင်းကမူ ၎င်းတို့အသင်း၏ တိုက်စစ်မှူး ဗလာဟိုဗစ်အား ခေါ်ယူလိုနေသည့် ချယ်လ်ဆီးအသင်းအနေဖြင့် ဗလာဟိုဗစ်ကို ခေါ်ယူလိုပါက ၎င်းတို့၏ တိုက်စစ်မှူး လူကာကူနှင့် ငွေကြေး အလိုက်ပေးကမ်းလှမ်းရန် တောင်းဆိုခဲ့ပြီး ချယ်လ်ဆီးအသင်းကလက်ခံခဲ့ပါကလည်း လူကာကူကို လစာလျှော့ယူရန် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments