Wednesday, March 4, 2026
spot_img
spot_img

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂိုးသွင်းယူနိုင်ရန် ဗင်နီစီယပ်စ်မျှော်လင့်နေ

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ၎င်းအနေဖြင့် လာမည့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂိုးသွင်းယူနိုင်ရန် မျှော်လင့်နေပြီး၊ ချန်ပီယံဆုဖလားထပ်မံရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်း၏ အဓိကအကျဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး လာမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အသင်း၏ တိုက်စစ်ကိုဦးဆောင်လာမည်ဖြစ်သည်။

ဗင်နီစီယပ်စ်က ”ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ရက်သတ္တပတ်ပါပဲ။ အသင်းအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံရယူနိုင်ဖို့လည်းမျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်ဖို့ အမြဲတမ်းပစ်မှတ်ထားခဲ့တာပါ။ ဒါ့အပြင် ဗိုလ်လုပွဲမှာ ကျွန်တော့်အနေနဲ့ ဂိုးသွင်းယူနို်င်ဖို့လည်း မျှော်လင့်ထားပါတယ်” ဟု Real Madird TV နှင့် တွေ့ဆုံမှုတွင် ဖြေကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments