Saturday, March 14, 2026
spot_img
spot_img

” ကျွန်တော် ဟယ်ရီ ပေါ်တာ မဟုတ်ဘူး ” လို့ ပြောရင်း အသင်းသား နှစ်ဦးအပေါ် မှတ်ချက်ပေးလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက််စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ 10 ပွဲ အတွင်း 10 ဂိုး အထိ သွင်းယူထားနိိုင်ခဲ့ပြီး ဒီရာသီ အသင်းအတွက် 18 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒါဟာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး မှတ်တမ်း ဖြစ်ခဲ့ရတဲ့ 2019-20 တုန်းက စုစုပေါင်း သွင်းဂိုး 20 ဂိုးကို လိုက်မီဖို့ 4 ဂိုးသာ လိုနေတော့တာပဲ ဖြစ်ပါတယ် ။ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ သူဟာ ယူနိုက်တက် အတွက်် စုစုပေါင်း 5 ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထက်စာရင် သိသိသာသာ တိုးတက်လာခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီအတွက် သူဖက်မှ ဘယ်လိုမျိုး အကူအညီတွေ ပေးဆောင်ခဲ့သလဲလို့ အမေးခံလိုက်ရချိန်မှာတော့ အဲရစ် တန်ဟတ် က သူဟာ ဟယ်ရီ ပေါ်တာ မဟုတ်ကြောင်း ဟာသလုပ်ခဲ့လိုက်ပါတယ် ။

” ကျွန်တော်က ဟယ်ရီ ပေါ်တာ မဟုတ်ရပါဘူး ။ အခုလို လုပ်ပြနိုင်ဖို့အတွက် လိုအပ်တာက ယုံကြည်မှုပါပဲ။ အသင််းမှာ ရှိနေတဲ့ ကစားသမားတိုင်း အနေနဲ့ ယုံကြည်မှု ရှိနေဖို့ လိုအပ်ပြီး ယုံကြည်မှု မြင့်တက်လာအောင် ကြိုးစားရမှာပါပဲ ”

” ဒီအတွက် ရပ်ရှ်ဖို့ တိုက်ပွဲဝင်ခဲ့သလို အချိန်တွေလည်း ရင်းနှီးမြှုပ်နှံခဲ့ရပါတယ် ။ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ရဲ့ နည်းပြ အဖွဲ့ဝင်တွေက တည်ဆောက်မှု တစ်ခုကို လုပ်ခဲ့ရတာပါ ။ သူတို့အတွက် လုပ်ငန်းစဥ် တစ်ခုကို သတ်မှတ်ရင််း မှန်ကန်တဲ့ နေရာကို ရောက်အောင် လမ်းညွှန်ပေးနေခဲ့ရပါတယ် ”

” ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒါဟာ သူတို့တွေ အပေါ်ပဲ မူတည်နေပါတယ် ။ အကယ်လို့ ကစားသမားတွေ ယုံကြည််မှု ရှိနေကြရင် ကျွန်တော်တို့လည်း ယုံကြည်ချက် အပြည့်နဲ့ အလုပ်လုပ်တဲ့ နည်းလမ်းအပေါ် လျှောက်လှမ်းနိုင်မယ််လေ ။ ဘောလုံးမှာ ဘယ်လို နည်းနဲ့ ကစားမလဲဆိုတာက အရေးကြီးလှပါတယ် ”

” ပြီးတော့ ပတ်ဝန်းကျင်နဲ့ အသင်းရဲ့ယဥ်ကျေးမှုတွေကလည်း အရေးကြီးတယ်လေ ။ အဲ့လိုဆိုရင် ကစားသမားတွေလည်း အကောင်းဆုံး စွမ်းရည်ကို ထုတ်ပြနိုင်ပါလိမ့်မယ် ။ လက်ရှိ အချိန်မှာ မားကပ်စ် အကောင်းဆုံး လုပ်ပြနေနိုင်တယ်ဆိုတာက ထင်ရှားလှပါတယ် ”

” နေ့စဥ့်နေ့တိုင်း ၊ လေ့ကျင့်မှုတွေ လုပ်ပြီးတိုင်း ၊ ပွဲစဥ်တွေ ကစားပြီးတိုင်း ကျွန်တော်တို့ရဲ့ အချိန်ဇယားတွေက ပိုပြီး မှန်ကန်လာခဲ့ရပါတယ် ။ အခု အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း ကျွန်တော့်ကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ ခံစားချက်တွေ ပေးဆောင်နေတယ်လေ ”

” အသင်းဟာ ပိုပြီးတောင့်တင်းလာခဲ့ရပါပြီ ။ သူတို့တွေ အချင်းချင်းလည်း တစ်ဦးဆီက တစ်ဦး အကျိုးကျေးဇူးတွေ ရရှိနေခဲ့ကြပါပြီ ။ ရာသီအစပိုင်းတုန်းက တိုက်စစ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ ပြသနာ အများကြီး ရှိနေခဲ့ရတယ်လေ ။ ပွဲကစားတဲ့အချိန်မှာ ရာနှုန်းပြည့် ကြံ့ခိုင်သူ နည်းပါးခဲ့ရပါတယ် ”

” အခုတော့ အားလုံးနီးပါး ကြံ့ခိုင်နေကြတာ ဖြစ်တဲ့အတွက်် တစ်ဦးကို တစ်ဦး ကူညီရာကနေ မားကပ်စ်လည်း ဒီထက်် ပိုပြီး အကျိုးကျေးဇူးတွေ ခံစားရဖို့ ရှိနေပါတယ် ။ အသင််းမှာ ဒီလို နည်းပြ အဖွဲ့ဝင်တွေ ရှိနေတဲ့ အတွက်လည်း ကျွန်တော် တကယ်ပဲ ပျော်ရွှင်ရပါတယ် ” လို့ တန်ဟတ် မှ ပြောရင်း မက်ဂွားယား နဲ့ ပတ်သက်လို့…

” နိုး ၊ သူဟာ ဦးစားပေး နံပါတ် 5 မဟုတ်ပါဘူး ။ ဒါတွေက သူ့အပေါ် မူတည်ပါတယ် ။ သူ လေ့ကျင့်ပုံ ကောင်းမွန်နေခဲ့တယ်လို့ ကျွန်တော် ပြောချင်ပါတယ် ။ သူက အရည််အသွေးကောင်းတွေ ယူဆောင်လာတယ်လေ ။ အသင််းသားတွေဆီက ကျွန်တော် လိုချင်တာ အဲ့တာပါပဲ ”

” နေရာ တစ်ခုကို ရယူနိုင်ဖို့ သူ ကြိုးစားပြီး တိုက်ပွဲဝင်ရပါ့မယ် ။ တခါတလေမှာ အပြောင်းအလဲတွေဟာ အရမ်းကို မြန်ဆန်သွားတတ်ပါတယ် ။ သူဟာ ကြိုးစားနေဆဲပါ ။ ပွဲထွက်ခွင့် ရရှိရေးကတော့ သူ့အပေါ်ပဲ မူတည်ပါတယ် ။ ကမ္ဘာ့ ဖလား ပြီးကတည်းက သူ ပွဲထွက်ခွင့်တွေ ရခဲ့သင့်ပါတယ် ၊ ဒါပေမဲ့ သူနေမကောင်းဖြစ်သွားတယ်လေ ”

” ဒီအတွက် ကျွန်တော် ဘာမှ လုပ်ပေးလို့ မရနိုင်တာ သူလည်း သိပါတယ် ။ အဲ့ဒီနောက် ပွဲတွေ ဆက်တိုက် ကစားခဲ့ရပြီး သူလည်း အခွင့်အရေး ရရှိဖို့ စောင့်ဆိုင်းခဲ့ရပါတယ်် ။ ဒါက ဘောလုံးရဲ့ ဥပဒေ တစ်ခုပါပဲ ။ ကစားခွင့်တွေ ရရှိနိုင်ဖို့ အချိန်ပေးရမှာပါ ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments