လိုင်ယွန်နဲ့ အမ်းမရိတ်ဖလားပွဲမှာ လူစားဝင်ပါဝင်ကစားခဲ့ပြီးနောက် အာတီတာက ကာလာဖီအိုရီဆီကနေ အများကြီးမျှော်လင့်ထားကြောင်း အာတီတာက ပြောကြားလိုက်ပါတယ်။ အီတလီသားဟာ ဘိုလော့ဂ်နာ အသင်းထံကနေ ပေါင် ၄၂ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်နဲ့ပွဲအပြီးမှာ အာတီတာက “သူက အသင်းထံစွယ်စုံရအနေအထားတွေ ယူဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ သူက မတူညီတဲ့နေရာ ၂ နေရာ ဒါမှမဟုတ် ၃ နေရာလောက်အထိ ကစားနိုင်ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာပါ။ သူက နေရာလွတ်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ့်ခံစစ်မှူးဖြစ်တာကြောင့်ပါ။ သူ့ရဲ့ပါဝင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာကို မြင်ရတာက သူဘောလုံးလုယူမှုတွေမှာ ဘယ်လောက်အထိ ကောင်းလဲဆိုတာ သိနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက သူအများကြီးလုပ်ပြထားပြီးပါပြီ။ ကျွန်တော်တို့ဆီမှာ သူနောက်ထပ်တိုးတက်လာနိုင်ပါတယ်။ သူတို့ကို စီမံခန့်ခွဲနေပါတယ်။ သူ့အတွက်လည်း အများကြီးယူဆောင်လာဦးမှာပါ။ အဲ့တာက ကြီးမားတဲ့ခြေလှမ်းတွေပါ။ မိနစ် ၂၀ လောက်ပါဝင်ခဲ့ပေမယ့် သူက အရမ်းခွန်အားပြည့်ဝသလို စိတ်အားထက်သန်မှုလည်းရှိပါတယ်။ တကယ့်ဉာဏ်ကောင်းတဲ့ ကစားသမားပါ။ သူက ကျွန်တော်တို့ကိုအများကြီး ပေးစွမ်းနိုင်ပါတယ်”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ ရာယာနဲ့ ကာလာဖီအိုရီတို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပြီး မန်စီးတီးကို ယှဉ်နိုင်ဖို့ ကစားသမားအင်အား လိုအပ်နေသေးတာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ လာမယ့်ဝုဗ်အသင်းနဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။






