Saturday, September 13, 2025
spot_img
spot_img

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မစောင့်နိုင်အောင် ဖြစ်နေပြီဟု ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ပြောကြား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မစောင့်နိုင်အောင် ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ဇွန်(၁၄) မှ ဇူလိုင် (၁၃)အထိ ကျင်းပမည်ဖြစ်ပြီး အသင်း (၃၂)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ပြိုင်ပွဲအထိ အသင်း (၇)သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် (၃၂)သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် တိုးချဲ့ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် (၄)သင်းစီ ပါဝင်သည့် အုပ်စု(၈)ခုဖြင့် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းသည် နယူးဇီလန်ကလပ် အော့ကလန်စီးတီးအသင်း၊ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်း၊ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းတို့နှင့် အုပ်စု (C)တွင် ကျရောက်နေသည်။

ဟာရီကိန်းက အာဂျင်တီးနားထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲမှာ ထူးခြားသည့်ပွဲ ဖြစ်လာမည်ဟုလည်း ဆိုခဲ့သည်။

”ဒါ က ထူးခြားတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒါဟာ အုပ်စုအဆင့်မှာ အထူးခြားဆုံး ပွဲစဉ်တွေထဲက တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲက ကစားသမားတွေအတွက် ကမ္ဘာတစ်လွှားက ကွဲပြားခြားနားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ပြီး ထူးခြားတဲ့အတွေ့အကြုံတွေ ရရှိစေမယ့် ပြိုင်ပွဲလို့လည်း ထင်ပါတယ်။ ခက်ခဲတဲ့ပြိုင်ပွဲ၊ ပျော်ရွှင်စရာပြိုင်ပွဲ ဖြစ်လာမှာဖြစ်ပြီး ယှဉ်ပြိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ”ဟု ဟာရီကိန်းက ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments