Sunday, March 15, 2026
spot_img
spot_img

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (A)နှင့် (B) အုပ်စုနောက်ဆုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

◘ နယ်သာလန် – ကာတာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၉ ရက် ည ၉း၃၀ နာရီ)

ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားခဲ့ပြီးပါပြီ။ နယ်သာလန်အသင်းကတော့ (၂)ပွဲကစားပြီးချိန်မှာ (၄)မှတ်ရထားတယ်။ အီကွေဒေါအသင်းနဲ့ အုပ်စုဗိုလ်နေရာအတွက် အပြိုင်ဖြစ်နေတဲ့ အနေအထားလည်းဖြစ်တယ်။ ဂိုးကွာခြားချက်က အရေးကြီးနေတယ်။ ဒါပေမဲ့ အီကွေဒေါနဲ့ နယ်သာလန်လိုပဲ ဆီနီဂေါကလည်း နောက်တစ်ဆင့် တက်နိုင်တဲ့ အခွင့်အရေးရှိတယ်။ ဆီနီဂေါသာ နိုင်ခဲ့ရင် နယ်သာလန်က ကာတာကို နိုင်ရုံနဲ့ အုပ်စုဗိုလ်ဖြစ်ပြီး၊ အီကွေဒေါ နိုင်ရင်တော့ ဂိုးကွာခြားချက်က အရေးပါလာမယ်။ ဒါကြောင့် နယ်သာလန် ဂိုးပြတ်သွင်းဖို့ ကြိုးစားလိမ့်မယ်။

◘ အီကွေဒေါ – ဆီနီဂေါ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၉ ရက် ည ၉း၃၀ နာရီ)

တော်တော်လေး မှန်းဆရခက်တဲ့ပွဲလို့ ပြောရမယ်။ နှစ်သင်းစလုံးက ပုံစံကောင်းပြနေတဲ့အသင်းတွေဖြစ်ပြီး ဆီနီဂေါက နယ်သာလန်ထက်တောင် ပိုကောင်းမွန်တဲ့ပုံစံကို ပြသနိုင်သေးတယ်။ နယ်သာလန်ကို ရှုံးခဲ့တဲ့ ဆီနီဂေါရော၊ သရေကျခဲ့တဲ့ အီကွေဒေါရော နယ်သာလန်နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ကြတယ်။ တကယ်တမ်းကျတော့ အီကွေဒေါရဲ့ ခြေစွမ်းက ပိုပြီးစနစ်ကျတယ်။ ဆီနီဂေါက မာကျောပြီး မြန်နှုန်းမြင့်ပေမဲ့ အီကွေဒေါရဲ့ ကစားဟန်နဲ့ စုဖွဲ့မှုက ပိုကောင်းတယ်လို့လည်း ပြောလို့ရတယ်။ In Form ဖြစ်နေတဲ့ အန်နာဗလင်စီယာလည်း ရှိတယ်။ အီကွေဒေါကို ကြိုက်တယ်။

◘ ဝေးလ်စ် – အင်္ဂလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁း၃၀ နာရီ)

Home Nations အချင်းချင်း တွေ့ကြတဲ့ပွဲဖြစ်ပြီး ဗြိတိန်ဒါဘီပွဲလို့လည်း ပြောရမယ်။ ဝေးလ်စ်က ဗြိတိန်အသင်းတွေထဲမှာတော့ အင်္ဂလန်ပြီးရင် အကောင်းဆုံးအသင်းလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အင်္ဂလန်ကို ခံကစားကြတဲ့အထဲမှာတော့ စကော့တလန်လောက်တောင် ကာကွယ်နိုင်စွမ်းမရှိတာလည်းတွေ့ရတယ်။ အင်္ဂလန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ ဒီဘက်နှစ်တွေမှာ အများကြီးမတွေ့ခဲ့ပေမဲ့ တွေ့ခဲ့တဲ့အချိန်တိုင်းလည်း အင်္ဂလန် အသာစီးယူနိုင်ခဲ့တာ တွေ့ရတယ်။ ဒါကြောင့် ဒီပွဲလည်း အုပ်စုဗိုလ်နေရာသေချာဖို့ အင်္ဂလန် နိုင်ပွဲယူလိမ့်မယ်။

◘ အီရန် – အမေရိကန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁း၃၀ နာရီ)

ဘောလုံးပွဲထက်ပိုတဲ့ ပွဲလို့ပဲ ပြောရမယ်။ ဒီနှစ်သင်းကြားမှာ ဘောလုံးထက်ပိုတဲ့ ရှုထောင့်တွေရှိတယ်။ အမြင်တွေရှိတယ်။ နိုင်ငံရေးအရ သဘောထားတင်းမာတဲ့ အသင်းတွေလည်းဖြစ်တယ်။ အထူးသဖြင့် အမေရိကန်ကစားသမားတွေက ပရော် ဖက်ရှင်နယ်ဆန်ဆန် စဉ်းစားရင်တောင် အီရန်က ပိုမိုပြင်းထန်တဲ့ ခံယူချက်တွေနဲ့ ကစားလိမ့်မယ်။ လက်ရှိခြေစွမ်းကတော့ သိပ်မကွာဘူး။ အမေရိကန်က တစ်ဦးချင်းပိုကောင်းပြီး မြန်နှုန်းမြင့်ပေမဲ့ ဝေးလ်စ်ကို အီရန် ကစားခဲ့ပုံကို မေ့လို့မရဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာ အမေရိကန်က နည်းနည်းတော့သာတယ်။ အမေရိကန် ကပ်နိုင်လိမ့်မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments