Saturday, February 7, 2026
spot_img
spot_img

YouTuber တစ်ဦးဖြစ်သူ Deji နှင့် နိုဝင်ဘာ ၁၃ ရက်တွင် သရုပ်ပြလက်ဝှေ့ပွဲထိုးမည်ဟု မေဝယ်သာ ကြေညာ

YouTuber တစ်ဦးဖြစ်သူ Deji နှင့် နိုဝင်ဘာလ ၁၃ ရက်တွင် သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်သွားမည်ဖြစ်ကြောင်း အမေရိကန် လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝယ်သာက အတည်ပြုကြေညာခဲ့သည်။ အဆိုပါပွဲကို ဒူဘိုင်းမြို့ရှိ ပရိသတ် ၁၇၀၀၀ ဦးဆံ့Coca-Cola Arena တွင် ပြုလုပ်မည်ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သူ မေဝယ်သာသည် ပြီးခဲ့သည့်စက်တင်ဘာလ ၂၅ ရက်ကမှ ဂျပန် MMA ကစားသမားနှင့် YouTuber တစ်ဦးဖြစ်သူ မီကူရူအာဆာကူရ နှင့် သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်ခဲ့ပြီး ဒုတိယ အချီတွင် အလဲထိုးဖြင့် အနိုင်ယူခဲ့ကာ ယင်းပွဲ အတွက် ဒေါ်လာ သန်း ၂၀ ရရှိခဲ့သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မေဝယ်သာအနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် အိုင်ယာလန် MMA အားကစားသမားဖြစ်သူ မက်ဂရီဂေါ်အား အနိုင်ယူခဲ့သည့်ပွဲအပြီး ပရော်ဖက်ရှင်နယ်လက်ဝှေ့ လောကမှ အနားယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် သရုပ်ပြလက်ဝှေ့ပွဲများ ဆက် တိုက်ထိုးသတ်ခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက် တွင် ဂျပန် MMA ကစားသမား နာဆာကာဝါ၊ ၂၀၂၁ ဇွန်လ ၆ ရက်တွင် YouTuber လိုဂန်ပေါလ်၊ ၂၀၂၂ မေလ ၃၁ ရက်တွင် လက်ဝှေ့ သမားဟောင်း ဒွန်မိုးတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် သရုပ်ပြလက်ဝှေ့ပွဲများ မှ ပေါင် ၇၂ သန်းအထိ ရရှိထားပြီဖြစ်ကြောင်း Daily Mail က ရေးသားခဲ့သည်။ Deji သည် YouTuber တစ်ဦးဖြစ်သူ KSI ၏ညီဖြစ်ပြီး သူ၏ YouTube တွင် Subscriber ၁၀ ဒသမ ၇ သန်းအထိ ရှိသူဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိDeji သည် ၂၀၁၈ ခုနှစ်တွင် ဂျိတ်ပေါလ်၊ ၂၀၂၁ ခုနှစ်တွင် မော်ဒယ် ဗင်နီဟက်ကာ၊ ပြီးခဲ့သည့်မတ်လက YouTuber အဲလက်စ်ဝါဆာဘီတို့ကို အရေးနိမ့်ခဲ့ပြီး ပြီးခဲ့သည့်လက YouTuber အီရာကတ်နှင့်ထိုး သတ်သည့်ပွဲတွင်မူ တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

Deji သည် မေဝယ်သာနှင့်ထိုးသတ်မည့်ပွဲတွင် ဂျိတ်ပေါလ်နှင့်ပွဲကကဲ့သို့ ပေါင် ၁၀ သန်းဝန်းကျင်ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments