World H’ Cap System (WHS) နှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ အချက် အကျောပေးစနစ်အား လွယ်ကူစွာတွက်ချက်ပေးမည့် Computer Software နှင့်မိတ်ဆက်ခြင်း အခမ်းအနားကို ဇူလိုင် ၂၀ ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီတွင် ရွှေမန်းတောင်ဂေါက်ကလပ်(မန္တလေး) တွင်ကျင်းပရာ အထက်မြန်မာပြည်ဂေါက်သီးအဖွဲ့ချုပ်ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြင့်ဦး မှ နုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၏ World H’ Cap System ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက World H’ Cap System နှင့် Rule of Handicapping တို့ကို ရှင်းလင်းခြင်း၊ အသုံးပြုမည့် Computer Software နှင့်ပတ်သတ်ပြီးမိတ်ဆက်ခြင်းတို့ကို ပြုလုပ်သည်။
ထို့နောက် ဦးဇာနည်ဝင်းမှ တတ်ရောက်လာကြသော ဂေါက်ကလပ်များ၊ ဂေါက်သီးအသင်းအဖွဲ့များမှ တာဝန်ရှိသူများကို အသိအမှတ်ပြု Certificate များပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်းနှင့်အနယ်နယ် အရပ်ရပ်ရှိ ဂေါက်ကွင်းများမှ တာဝန်ရှိသူများ၊ မန္တလေး ဂေါက်အသင်းအဖွဲ့များ၏ အမှုဆောင်ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူများတတ်ရောက် ခဲ့ကြပါသည်။
ယခုအခါ World H’ Cap System ကို လိုက်နာကျင့်သုံးပြီး ကမ္ဘာတစ်ဝှမ်း လွှမ်းခြုံအသုံးပြုနိုင်မည့် ကိုယ်ပိုင်စံညွှန်းအချက်အကျော (Handicap Index) ကို ရယူသုံးစွဲလိုကြသည့် မန္တလေးတိုင်းအတွင်းရှိ ရွှေမန်းတောင်ဂေါက်ကွင်း၊ ရေတံခွန်တောင်ဂေါက်ကွင်း၊ မြို့သာဂေါက်ကွင်းနှင့် ဂေါက်သီးအားကစား အသင်းအဖွဲ့များဖြစ်ကြသည့် Man-City အသင်း၊ GMGA အသင်း၊ PMA အသင်း၊ GBG ရာသက်ပန်အသင်းနှင့် MGG (Myanmar Genuine Golfers) အသင်းအဖွဲ့တို့သည် World H’ Cap System ကွန်ပျုတာစာရင်းသွင်းတွက်ချက်မှု စနစ်ကို လိုက်နာကျင့်သုံးနေကြပြီဖြစ်သည်။