Wednesday, October 22, 2025
spot_img
spot_img

Under-21 Euros ဖိုင်နယ်ပွဲစဉ်အပြီး အင်္ဂလန်နဲ့ မန်စီးတီး အသင်းဖော်ကို ဝေဖန်လိုက်တဲ့ ဆာဂျီယိုဂိုးမက်ဇ်

ဆာဂျီယိုဂိုးမက်ဇ်ဟာ မနေ့ညက အင်္ဂလန်တို့ စပိန်ကို ၁-၀ နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Under-21 European Championship final ပွဲစဉ်အပြီးမှာ သူ့ရဲ့ မန်ချက်စတာစီးတီး အသင်းဖော် ကိုးပါးမားနဲ့ အင်္ဂလန် အသင်းကို ဝေဖန်မှု လုပ်သွားခဲ့ပါတယ်။ အင်္ဂလန်ဟာ ပါးမားရဲ့ ဖရီးကစ် ကနေ တဆင့် ကာတစ်ဂျုံးနဲ့ ထိကာ ၀င်သွားခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ စပိန်ကို နိုင်ခဲ့တာ ဖြစ်ပြီး ပွဲပြီးခါနီးမှာ စပိန် တို့ ပင်နယ်တီ ရခဲ့ပေမယ့် အေဘယ်ရူအစ် ၀င်အောင် မကန်နိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ သွင်းဂိုးနဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ ပင်နယ်တီ ကာကွယ်မှုတွေ အပြီးမှာ နှစ်ဘက်အသင်းသားတွေ အချင်းများမှုတွေ ရှိခဲ့ပြီး စပိန်ဟာ အင်္ဂလန်ရဲ့ အောင်ပွဲခံပုံတွေနဲ့ ပက်သက်ပြီး မကျေမနပ် ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အင်္ဂလန်ရဲ့ သွင်းဂိုးမှာ ပါးမားဟာ စပိန် အရန်ခုံတန်းကို ကြည့်ကာ အောင်ပွဲခံသွားခဲ့တာ ဖြစ်ပြီး ဒီကနေ စတင်ကာ နှစ်ဘက် အသင်းသားတွေ အချင်းများခဲ့ကြပါတယ်။

ပါးမားနဲ့ အတူ မန်စီးတီးမှာ တွဲဖက် ကစားနေတဲ့ ဂိုးမက်ဇ်က သူ့ကလပ် အသင်းဖော်ရဲ့ တောင်းပန်ခြင်း မရှိခဲ့တဲ့ အပြုအမူ အပေါ် မကျေမနပ် ဖြစ်နေပါတယ်။

ဂိုးမက်ဇ်က “ပါးမားရဲ့ attitude နဲ့ ပက်သက်ပြီး ကျနော် အံ့အားသင်မိပါတယ်။ သူဟာ သူ့ရဲ့ အခြား အသင်းဖော် တစ်ချို့လိုပဲ ကျနော်တို့ကို တောင်းပန်လိုစိတ် မရှိခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ကျနော်တို့သာ ဆိုရင်တော့ ခြားနားတဲ့ပုံစံနဲ့ အောင်ပွဲခံဖြစ်မှာပါ။ ကျနော့်ရဲ့ အသင်းဖော်တွေလည်း သူတို့နဲ့ မတူတဲ့ ပုံစံနဲ့ အောင်ပွဲခံဖြစ်မှာပါ။

ဒါဟာ သူတို့ရဲ့ attitude လားတော့ မသိပါဘူးဗျာ။ ဒါမျိုးဟာ ဒီအသင်းနဲ့ ပက်သက်ပြီး ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ကိုယ့်ရဲ့ နိုင်ငံကို အကောင်းဆုံး ပုံစံနဲ့ ကိုယ်စားပြုဖို့ ကြိုးစား ခဲ့ပါတယ်။ ကျနော်တို့ ပြိုင်ဘက် အသင်းတွေဟာ အထူး လေးစားမှု ထားခဲ့ပါတယ်။

သူတို့ကတော့ ပြိုင်ဘက် အသင်းကို မလေးမစား ပုံစံနဲ့ အောင်ပွဲခံချင်ခဲ့ကြပါတယ်။ ပင်နယ်တီ လွဲခဲ့တဲ့ အချိန်မှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments