Monday, September 29, 2025
spot_img
spot_img

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဆလိုဗက်ကီးယား နှင့် ချက် (စနေည ရး၃၀ နာရီ)

(၂)သင်းစလုံး အုပ်စုတွင်းမှာ ယူကရိန်းကို ရှုံးနိမ့်ထားကြတာဖြစ်ပေမယ့် အခြေအနေချင်းတော့ ကွာပါတယ်။ ဆလိုဗက်ကီးယားက ယူကရိန်းမြေမှာ နောက်ကျပယ်နယ်တီဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ချက်ကတော့ အိမ်ကွင်းမှာပဲ အရှုံးပေးခဲ့ရတာပါ။ ဒါ့အပြင် ဆလိုဗက်ကီးယားက အိမ်ကွင်းအားကို အဓိက အသုံးချလေ့ရှိတဲ့အသင်းတွေထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဆလိုဗက်ကီးယားပဲ အနိုင်ရဖို့များတယ်။

နော်ဝေ နှင့် ဆလိုဗေးနီးယား (စနေည ၁ဝး၃၀ နာရီ)

ဆလိုဗေးနီးယားလိုအသင်းမျိုး အုပ်စုအောက်ဆုံးရောက်နေတာ မယုံနိုင်စရာပါ။ နော်ဝေ အိမ်ကွင်းကောင်းပေမယ့် ဆလိုဗေးနီးယား အမှတ်ခွဲယူဖို့များတယ်။

နယ်သာလန် နှင့် ဂျာမနီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

နယ်သာလန်အသင်းက အသင်းမှာ မျိုးဆက်ပြတ်လပ်မှုပြဿနာကို တဖြည်းဖြည်းကုစားလာနိုင်ပေမယ့် တစ်ချိန်က ဥရောပထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့တော့ အချိန်ယူရဦးမယ်။ ပြီးခဲ့တဲ့ပွဲမှာ ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့တဲ့ နယ်သာလန်ရဲ့ခြေစွမ်းကိုတော့ Credit ပေးရမှာပါ။ ကွင်းလယ်နဲ့ခံစစ်ပိုင်းမှာ နယ်သာလန်က လက်ရှိအနေအထားမှာ အထိုင်ကျစပြုလာတယ်။ တိုက်စစ်ပိုင်းမှာတော့ World Class ကစားသမားမရှိတာက အဓိကပြဿနာဖြစ်နေပြီး မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ အပယ်ခံ ဒီပိုင်း၊ ဘာဘယ်လ်တို့ကို အားထားနေရတယ်ဆိုကတည်းက နယ်သာလန်ရဲ့အခြေအနေကို မှန်းဆလို့ရနိုင်ပါတယ်။ ဂျာမနီအသင်းကလည်း ကမ္ဘာ့ဖလားရဲ့ရိုက်ခတ်မှုဒဏ်ကို ဖျောက်ဖျက်ပစ်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ နည်းပြဖြစ်သူ ယော်ကင်လိုးကလည်း ဖိအားဒဏ်တွေကြောင့် လူရွေးချယ်တာကနေ Line-up ထုတ်တဲ့အချိန်အထိ မှားယွင်းမှုတွေဖြစ်လာတယ်။ ဆာနေးကို ပွဲအစကတည်းကထုတ်သုံးရင် တောင်ပံတိုက်စစ်ပိုကောင်းနိုင်ပေမယ့် လက်ရှိအသင်းက ဟန်ချက်မညီလောက်သေးဘူး။ နယ်သာလန် အမှတ်ရလိမ့်မယ်။

အိုင်ယာလန် နှင့် ဒိန်းမတ် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off မှာ အိုင်ယာလန်မြေမှာပဲ ဒိန်းမတ် ဂိုးပြတ်အောင်ပွဲခံခဲ့တာက (၁)နှစ်မပြည့်သေးပါဘူး။ အဲဒီအချိန်တုန်းက ဒိန်းမတ်ရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့ ဟက်ထရစ်ရှင် အဲရစ်ဆင်ကတော့ အခုပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါပြီ။ ဒိန်းမတ်အသင်းမှာ အဲရစ်ဆင်ရဲ့လွှမ်းမိုးမှုက ကြီးမားပြီး သူ့နေရာမှာလည်း အစားထိုးဖို့ခက်ပါတယ်။ ဒီလိုအခွင့်အရေးကောင်းကို အိုင်ယာလန် အသုံးချသွားလိမ့်မယ်။

ဘူလ်ဂေးရီးယား နှင့် ဆိုက်ပရပ်စ် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဘူလ်ဂေးရီးယားနဲ့ ဆိုက်ပရပ်စ်အသင်းတို့ကြားမှာ အဆင့်ချင်း အနည်းငယ်ကွာဟနေသေးတယ်။ ဘူလ်ဂေးရီးယား ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

အခြားပွဲစဉ်များ

ဂျော်ဂျီယာ နှင့် အန်ဒိုရာ (စနေည ၁ဝး၃၀ နာရီ)

လတ်ဗီးယား နှင့် ကာဇက်စတန် (စနေည ၁ဝး၃၀ နာရီ)

အာမေးနီးယား နှင့် ဂျီဘရော်လ်တာ (စနေည ၁ဝး၃၀ နာရီ)

မက်ဆီဒိုးနီးယား နှင့် လက်ချင်စတိန်း (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments