နာပိုလီတိုက်စစ်မှူး အိုဆင်မန်၏အေးဂျင့်ဖြစ်သူကယ်လန်ဒါက လာမည့်နွေတွင် အသင်းပြောင်းရွှေ့ရန်အတွက် PSG အသင်း နှင့် အိုဆင်မန် ဆွေးနွေးနေသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ပယ်ချလိုက်သည်။
ယခုရာသီတွင် နာပိုလီအတွက် ခြေစွမ်းပြနေသည့် နိုင်ဂျီးရီယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန်(၂၄ နှစ်)ကို မန်ယူ၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်နှင့် PSG အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

PSG အသင်းသည် အိုဆင်မန်ကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေရာ ၎င်း၏အေးဂျင့်ဖြစ်သူ ကယ်လန်ဒါက “အဲဒီသတင်းက မမှန်ပါဘူး။ အမှားတွေချည်းပါပဲ။ အခုအချိန်မှာ အပြောင်းအရွှေ့စျေးကွက်အကြောင်းကိုပြောဖို့ စောလွန်းနေပါသေးတယ်။ လူတွေက ပြောချင်ရာ လျှောက်ပြောနေကြတာပါ”ဟု ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် လာမည့်နွေရာသီတွင် အိုဆင်မန်ကို ပေါင်သန်း ၁၀၀ ကျော်ဖြင့် ကမ်းလှမ်းပါက လက်လွှတ်ဖွယ်ရှိကြောင်း သိရသည်။
