လီယွန်နယ်မက်ဆီသည် ယခုနွေရာသီတွင် ပီအက်စ်ဂျီအသင်းမှ နုတ်ထွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြင်သစ်သတင်းများအရ သိရသည်။
စူပါစတား၏ စာချုပ်သည် ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက သူ့ကို နောက်ထပ်တစ်နှစ် ကမ်းလှမ်းနိုင်မှာပါ။ ပြီးခဲ့သည့်ဆောင်းရာသီတွင် ကာတာနိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် ၃၅ နှစ်ရှိ မက်ဆီက အာဂျင်တီးနားကို ဂုဏ်ကျက်သရေရှိအောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီး ၎င်း၏ဖခင်ဖြစ်သူ ဂျော့ဂ်ျက PSG ဥက္ကဋ္ဌ နာဆာ အယ်လ်-ခလာအိဖီအား လီယွန်နယ်က ဆက်နေရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
သိုသော် မကြာသေးမီရက်သတ္တပတ်များအတွင်း စေ့စပ်ညှိနှိင်းမှုများက နှစ်ဦးနှစ်ဘက်စလုံး အမှန်တကယ် ခွာပြဲလာကြသည်ကို တွေ့မြင်ရပြီးနောက် ပြင်သစ်မီဒီယာအချိုက မက်ဆီနှင့် ပီအက်စ်ဂျီအသင်းတိုသည် လမ်းခွဲရန် နီးစပ်နေပြီဖြစ်ပြီး ယခု နွေရာသီပြီးဆုံးချိန်တွင် နုတ်ထွက်ရန် စီစဉ်ထားကြောင်း ဖော်ပြခဲ့ကြသည်။

ကစားသမား၏မိသားစုက မက်ဆီအား ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီကိုမပြောင်းခင် သူ့ကစားသမားဘဝတစ်ခုလုံးကိုကုန်ဆုံးခဲ့သည့် ဘာစီလိုနာကို ပြန်သွားစေချင်နေကြပါသည်။ ပီအက်စ်ဂျီ သည်လည်း ဘဏ္ဍာရေးပြဿနာများကြောင့် မက်ဆီအား တစ်နှစ်လုပ်ခလစာ ပေါင် ၂၅.၆ သန်းမှ ၂၅ % ဖြတ်တောက်ရန် လိုအပ်နေသည်။
မက်ဆီ၏အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများကြောင့် ပီအက်စ်ဂျီပရိသတ်များက ၎င်းတို၏ စိတ်ပျက်မှုများကို ထုတ်ဖော် ပြသခဲ့ပြီး လိုင်ယွန်ကို အိမ်ကွင်းတွင် ရှုးနိမ့်ပြီးနောက် အိမ်ကွင်းပရိသတ်များက အော်ဟစ်ဆူညံခဲ့ကြသည်။

ဘာစီလိုနာအသင်းကလည်း မက်ဆီအား အလွတ်အေးဂျင့်အဖြစ် ၎င်းတိုထံပြန်လာရန် ဆွဲဆောင်ရန် ဆွဲဆောင်မှုတစ်ခုပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ဘာစီလိုနာတိုက်စစ်မှူးဟောင်း သီယာရီဟင်နရီက မက်ဆီအား ကတ်ဘာစီလိုနာသို ပြန်လာစေလိုကြောင်း နှင့် ဘာစီလိုနာသိုပြန်လာခြင်းက MLS အသင်း အင်တာမီယာမီ သိုမဟုတ် ဆော်ဒီအာရေးဗီးယားတွင် မရရှိနိုင်သည့် ချန်ပီယံလိဂ်ဘောလုံးကို မက်ဆီအား ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပီအက်စ်ဂျီပရိသတ်များ၏ အားပေးသံတွေက ထူးချွန်သော တိုက်စစ်မှူးကို ဆက်ထိန်းထားရန် အထောက်အကူဖြစ်မှာမဟုတ်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့ပါသည်။






